1. Home
  2. International News

ခန္ဓာကိုယ်မှ အမြီးပေါက်ပြီး ဟာနုမန်မျောက်မင်း ဝင်စားသည်ဟု နာမည်ကြီးနေသည့် ကလေးငယ်လေး

International News มิ.ย. 07, 2560 view 1,610

အိန္ဒိယနိုင်ငံမှ အသက် ၈ နှစ်အရွယ်ရှိ ဒူလ်ဟာ ဆင်းဂ်ျလို့ အမည်ရတဲ့ ကလေးငယ်တဦးရဲ့ ခန္ဓာကိုယ်မှာ ထူးထူးခြားခြား အမြီးပေါက်နေခဲ့ပြီး ဒါဟာ ဟိန္ဒူနတ်ဘုရားတပါးဖြစ်တဲ့ ဟာနုမန်မျောက်မင်း ဝင်စားတာဖြစ်တယ်လို့ နာမည်ကြီးနေပါတယ်။ပန်ဂျပ်ပြည်နယ်၊ အမ်မရစ်ဆာဒေသမှာ ဦးလေး၊ အဒေါ်ဖြစ်သူတို့နဲ့ နေထိုင်တဲ့ ဒူလ်ဟာဆင်းဂ်ျ ခန္ဓာကိုယ် နောက်ကျောဘက်ကနေ ရှည်လျားတဲ့ အမွေးအမှင်နဲ့ အမြီးလိုသဏ္ဌာန်ကြောင့် ကျောင်းမှာတော့ သူငယ်ချင်းတွေရဲ့ စနောက်တာကို ခံနေရတာပါ။

ဦးလေးဖြစ်သူ ဆာဟစ်ဘ်က “သူ့ရဲ့အမေက ဒီအမြီးကို ဖြတ်ပစ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး မဖြတ်ရသေးခင်မှာပဲ ဆုံးသွားခဲ့တယ်ဗျ။ အဲဒီနောက်တော့ ဒါကို မဖြတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကျနော်ကပဲ ခုချိန်ထိ စောင့်ရှောက်ထားခဲ့တာပါ” လို့ ပြောပါတယ်။အဒေါ်ဖြစ်သူ မန်ဂျီယာကားကတော့ “လူတွေက သူ့ကိုကြည့်ဖို့ နေ့တိုင်းလာနေကြတယ်။ သူတို့က ဟာနုမန်နတ်ဘုရားလို့ ယုံကြည်ကြတယ်လေ” လို့ ပြောပါတယ်။ ဒူလ်ဟာဆင်းဂ်ျကလည်း သူ့ရဲ့အမြီးကို ဖြတ်လိုက်ရင် မကောင်းတဲ့ ကံကြမ္မာဆိုးတွေ ဝင်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေလို ဒီအမြီးရှိနေတဲ့အတွက် ဘယ်လိုမှ ဆိုးဆိုးဝါးဝါး မခံစားရကြောင်း ဖြတ်ထုတ်ပစ်လိုက်ဖို့လည်း စိတ်မကူးကြောင်းနဲ့ ဒါဟာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုသာဖြစ်ကြောင်း သူ့မှာရှိနေတဲ့ အစွမ်းသတ္တိတွေဟာ ရွာသားတွေကို ကယ်မနိုင်လိမ့်မယ်လို့ ယုံကြည်နေမိကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Source: DVB



Follow us on