တရုပ်နိုင်ငံရဲ့ အွန်လိုင်းဈေးဆိုင် အလီဘာဘာအုပ်စုရဲ့ သူဌေး ဖြစ်သူ ဂျက်မားရဲ့ ကြွယ်ဝချမ်းသာမှုက နောက်ထပ် အမေရိကန်ဒေါ်လာ ၂.၈ သန်း တစ်ညထဲမှာပင် တိုးတက်လာစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က နယူးယော့ခ် စတော့အိပ်ချိန်းမှာ အလီဘာဘာရဲ့ ရှယ်ယာတွေဟာ ၁၃.၃% ကို ချက်ခြင်း ခုန်တက်သွားခဲ့ပါတယ်။ တရုပ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းစီးပွားကုမ္ပဏီဖြစ်တဲ့ အလီဘာဘာရဲ့ တန်ဖိုးဟာ အခုဆိုရင် အမေရိကန်ဒေါ်လာ သန်း ၃၆၀ ရှိနေပြီဖြစ်ပြီး အာရှမှာ တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီတစ်ခုဖြစ်နေပါတယ်။ လာမယ့် ၂၀၁၈ ခုနှစ်မှာ အလီဘာဘာဟာ ၄၈% ထိ ကြီးထွားလာမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။
အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဂျက်မားဟာ အာရှတိုက်ရဲ့ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာတော့ နံပါတ် ၁၄ နေရာက ရှိနေပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုက ယခုနှစ်ထဲမှာပင် ဒေါ်လာ ၈.၅သန်းကနေ ၄၁.၈ သန်းထိ တိုးလာနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
လက်ရှိကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁ နေရာမှာ Microsoft တည်ထောင်သူ ဘီလ်ဂိတ်ရှိနေပြီး ၁၇ နှစ် တိုင်တိုင် အချမ်းသာဆုံး နံပါတ် ၁ နေရာကို ထိန်းထားနိုင်သူတစ်ဦးလည်းဖြစ်သည်။