1. Home
  2. International News

လန်ဒန်မြို့က အထပ်မြင့်အဆောက်အဦးတစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွား

International News มิ.ย. 14, 2560 view 1,560

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ လာတီမာလမ်းက (၂၇)ထပ်အမြင့်ရှိ ဂရန်းဖယ်တာဝါမှာ အခုမနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားနေပါတယ်။

သတင်းဖော်ပြထားချက်တွေအရ မီးဟာ ဒုတိယထပ်ကနေ ခေါင်မိုးအထိ ပျံ့နှံ့ ကူးစက်သွားတာကြောင့် မီးသတ်ကားအစီး(၄၀)ကျော်နဲ့ မီးသတ်သမား(၂၀၀)လောက်ကကြိုးစားငြိမ်းသတ်နေကြသလို အဆောက်အဦးအတွင်း ပိတ်မိနေသူတွေကိုလည်း ကယ်တင်နိုင်ဖို့ ကြိုးစားနေဆဲပါ။

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ခုချိန်ထိ မသိရသေးဘူးလို့ The Guardian သတင်းမှာဖော်ပြထားပါတယ်။



Follow us on