1. Home
  2. International News

စကားများတဲ့အတွက် ပါးစပ်တိတ်ကပ်ပြီး ဆရာမက အပြစ်ပေးရာ ကလေးငယ်သေဆုံး

International News มิ.ย. 20, 2560 view 1,730

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် ဟိုတိန့်လေ့ကျင့်ရေးကျောင်း မူကြိုတန်းမှာ ကျောင်းသူမိန်းကလေးတဦးကို စကားများလွန်းလို့ဟု ဆိုကာ ဆရာမက ပါးစပ်ကို တိပ်နဲ့ကပ်ခဲ့တဲ့အတွက် ကလေးမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ပါတယ်။
 
ကို့ကျင့်ထုန် အမည်ရှိ အသက် ၆ နှစ်အရွယ် ကလေးမလေးဟာ  ကျောင်းသူကျောင်းသားတွေ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်နေစဉ် စကားအလွန်များနေတဲ့အတွက် ဆရာမက သူ့ပါးစပ်ကို တိပ်နဲ့ ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

မိနစ် ၃၀ ခန့်အကြာ ကလေးပုံစံ မူမမှန်တော့တဲ့အတွက် ဆရာမက ကလေးကို အရေးပေါ် ဆေးရုံပို့ပေးခဲ့ပေမယ့် အသက်မမီတော့ပဲ ဆုံးပါးသွားခဲ့ပါတယ်။
ပါးစပ်ကို အတန်ကြာပိတ်ထားခံရလို့ အသက်ရှူမရတော့ဘဲ သေဆုံးသွားတာလို့ ဆရာဝန်က ပြောပါတယ်။


ကလေးမိဘနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လူတချို့ဟာ ကျောင်းရှေ့မှာ လာရောက်စုဝေးပြီး ကလေးအတွက် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပေးရင်း ဒီကိစ္စနဲ့ပတ်သက်လို့ မူကြိုကျောင်း တာဝန်ရှိသူတွေရဲ့ တာဝန်ယူဖြေရှင်းချက်တွေ စောင့်ဆိုင်းလျက်ရှိပါတယ်။ ကျောင်းတာဝန်ရှိသူတွေကတော့ စုံစမ်းစစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။

DVB
 



Follow us on