1. Home
  2. International News

တစ်ရက်ကို ဆေးလိပ် အလိပ် ၄၀ သောက်တဲ့ကလေး ဆေးလိပ်ပြတ်ပြီ

International News มิ.ย. 20, 2560 view 1,822

အင်တာနက်မှာ အုတ်အော်သောင်းနင်း ပျံ့နှံ့ခဲ့တဲ့ ကလေး ဝဝကစ်ကစ်လေးတစ်ယောက် ဆေးလိပ်ကို အားရပါးရ ရှုရှိုက်နေတဲ့ပုံကို မှတ်မိကြဦးမယ်ထင်ပါတယ်။


အင်ဒိုနီးရှားနိုင်ငံ ဆူမားထရန်းရွာက အသက် ၂ နှစ်အရွယ်ကလေးငယ် Ardi Rizal ဟာ တစ်ရက်ကို ဆေးလိပ် အလိပ်(၄၀) သောက်တတ်တဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ဆေးလိပ်စွဲနေတဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ သူဆေးလိပ်ကို အားရပါးရသောက်နေတဲ့ ဓါတ်ပုံက အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပြီး တစ်ကမ္ဘာလုံးက ဝေဖန်ကန့်ကွက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။


Rizal ရဲ့ ဓါတ်ပုံကြောင့် အင်ဒိုနီးရှားအစိုးရက နိုင်ငံနဲ့အဝှမ်း ကလေးသူငယ်ဆေးလိပ်စွဲသူ တိုက်ဖျက်ရေး စီမံကိန်းတွေလုပ်ဆောင်ခဲ့သလို ဆေးလိပ်ထုတ်လုပ်သူတွေကို စည်းကမ်းချက်တွေ တင်းကျပ်ခဲ့ပါတယ်။

အဲဒါကြောင့် သူ့ရဲ့မိဘတွေဟာ Rizal ကို ဆေးလိပ်ပြတ်ဖို့ကြိုးစားခဲ့ပါတယ်။ Rizal အသက် ၅ နှစ်အရွယ်ရောက်တော့ ဆေးလိပ်ပြတ်သွားခဲ့ပေမယ့် ဆေးလိပ်ပြတ်ဖို့ အစားထိုးခဲ့ရတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်ပဲသွားရေစာတွေကို စွဲတဲ့ကလေးတစ်ယောက် ဖြစ်လာပြန်ပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ဟာ ၅၂ပေါင်ရှိနေပြီး သူ့အသက်အရွယ်ကလေးစ်ေယောက်မှာရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁၃ ပေါင်လောက် ပိုများနေပါတယ်။


အဲဒီနောက်မှာတော့ အစိုးရရဲ့ အဟာရဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်အောင် အသီးအရွက်၊ အသားငါးတွေကို စနစ်တစ်ကျ ကျွေးမွေးပြီး ကိုယ်အလေးချိန်ကို လျှော့ချနိုင်ခဲ့ပါတယ်။ Rizal ဟာ အခုဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကလေးတစ်ဦးဖြစ်လာပြီး ပညာရေးဘက်ကို အာရုံစိုက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
 



Follow us on