1. Home
  2. International News

၂ မိုင်ကျော်အကွာအဝေးမှ IS တစ်ဦးကို ကနေဒါလက်ဖြောင့်တပ်သားက တစ်ချက်ထဲပစ်သတ်နိုင်ခဲ့

International News มิ.ย. 23, 2560 view 1,600

မီတာ ၃၅၄၀ (၂.၁ မိုင်) အကွာအဝေးတွင် ရှိနေသော အစ္စလမ်မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးကို ကနေဒါလက်ဖြောင့်တပ်သားက တစ်ချက်ထဲဖြင့် အသေပစ်သတ်နိုင်ခဲ့ကြောင်း စစ်ဖက်သတင်းရင်းမြစ်တစ်ခုဖြစ်သည့် Toronto’s Globe တွင် ဖော်ပြခဲ့သည်။


ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ ၂ မှ လက်ဖြောင့်တပ်သားက အထပ်မြင့်အဆောက်အဦ တစ်ခုပေါ်မှနေ၍ ချိန်ရွယ်ကာပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကနေဒါစစ်တပ်က ထုတ်ပေးထားသော McMillan TAC-50 ရိုင်ဖယ်အသုံးပြုပြီး ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ရန် ကျည်ဆန်က ၁၀စက္ကန့်ကြာ ခရီးနှင်ခဲ့ရသည်။

“ဗုံးကြဲတိုက်ခိုက်ရင် အခြားမဆိုင်တဲ့ အရပ်သားတွေကိုပါ ထိခိုက်နိုင်ပါတယ်၊ အခုလို တိုက်ခိုက်တဲ့နည်းက လိုရင်းကိုရောက်သလို အဝေးကြီးကနေလှမ်းပစ်လိုက်တာဆိုတော့ ဒီကောင်တွေ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် တွေးတတ်မှာမဟုတ်ဘူး” ဟု ဆိုပါတယ်။

ယခုလိုပစ်ခတ်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပြီး လက်ဖြောင့်တပ်သားအနေနဲ့ လေအဟုန်၊ ကျည်ဆန်ရဲ့အနေအထားနဲ့ ကမ္ဘာကြီးရဲ့ အခုံးအကွေးတွေကိုပါ တွက်ဆပြီးမှ ပစ်နိုင်တာပါလို့ ရင်းမြစ်က ဖော်ပြထားပါတယ်။

ယခင်က ကမ္ဘာ့လက်ဖြောင့်စံချိန်ကို ဗြိတိန်စနိုက်ပါ Craig Harrison က ၂၀၀၉ ခုနှစ်က ၂,၄၇၅မီတာ အကွာအဝေးက တာလီဘန်ကို ပစ်ခတ်နိုင်ခဲ့တာနဲ့ စံချိန်တင်ခဲ့ပြီး ယခုတစ်ခါ ပစ်ခတ်ခဲ့မှုက ကမ္ဘာစံချိန်သစ်တင်သွားခဲ့ကြောင်း သိရှိရသည်။
 



Follow us on