1. Home
  2. International News

ဗုဒ္ဓဘာသာပျံ့ပွားအောင် လုပ်ဆောင်သူ ၁၀ ဦးကို လာအိုအာဏာပိုင်များ ဖမ်းဆီး

International News มิ.ย. 23, 2560 view 1,616

လာအိုနိုင်ငံ တက်(Tak)ဒေသမှာရှိတဲ့ ကျေးရွာတစ်ရွာတွင် ဗုဒ္ဓဘာသာ ထွန်းကားပျံ့ပွားအောင်၊ ဗုဒ္ဓလမ်းစဉ်ဝါဒများကို ဖြန့်ဝေသူ ထိုင်းလူမျိုး (၁၀)ဦးကို ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးခံရသူ ၁၀ ဦးတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး ပါဝင်ခဲ့ပြီး တစ်ပတ်ခန့် ထိန်းသိမ်းခံထားရပြီးနောက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅,၀၀၀ (ကျပ် ၆ သိန်းကျော်) ဒဏ်ငွေရိုက်ခဲ့ပြီးနောက် ထိုင်း-လာအိုနယ်စပ်သို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

သူတို့ ၁၀ ဦးကို ဗုဒ္ဓဝါဒ ဖြန့်ဝေမှု၊ ဘုန်းကြီးကျောင်းတည်ဆောက်ရန် ပြင်ဆင်မှုများနဲ့ ဇွန်လ ၁၅ ရက်နေ့က Xaiyanburi ရှိ ကျေးရွာတစ်ရွာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုင်း-လာအို နှစ်နိုင်ငံ ဆက်ဆံရေးကို မထထိခိုက်စေလိုသောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဖြစ်သည်ဟု လာအိုအာဏာပိုင်များက ပြောကြားခဲ့သည်။ လာအိုနိုင်ငံသည် ပြည်သူ့တော်လှန်ရေးပါတီမှ အုပ်ချုပ်စီမံနေသော ကွန်မြူနစ်နိုင်ငံတစ်ခုလည်းဖြစ်သည်။
 



Follow us on