1. Home
  2. International News

တစ်နှစ်သားကလေးကို သတ်ဖြတ်ဟင်းချက်ပြီး မိခင်ကို အတင်းစားခိုင်းတဲ့ ISIS အဖွဲ့ရဲ့ ရက်စက်မှု

International News มิ.ย. 29, 2560 view 1,664

ISIS အဖွဲ့ရဲ့ငရဲခန်းက လွတ်မြောက်လာခဲ့သူ ဒါဟေးလ် ဆိုသူအမျိုးသမီးတစ်ဦးက သူမကြုံတွေ့ခဲ့ရသော လူမဆန်သည့် အနိဌါရုံမြင်ကွင်းများနှင့် IS တို့ရဲ့ ရက်စက်ယုတ်မာမှုများကို အီဂျစ်သတင်းဌါနနှင့် အင်တာဗျူးမှာ ဝမ်းနည်းကြေကွဲစွာ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။


သူမကို IS အဖွဲ့က ဖမ်းဆီးထားခဲ့ပြီး ၃ ရက်တိတိအစာမကျွေးပဲ အခန်းကျဉ်းထဲတွင် ပိတ်လှောင်ကာ ငတ်ပြတ်အောင် ထားခဲ့သည်။ ထို့နောက် တစ်နှစ်အရွယ် ကလေးကို သတ်ပြီးချက်ပြုတ်ထားသော ဟင်းနဲ့ အတင်းစားရန်စေခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ စားပြီးသွားမှသာ သူမ သားလေးရဲ့ အသားဟင်းတွေ ဖြစ်ကြောင်း သိခဲ့ရပြီး ယူကြုံးမရ နှလုံးကွဲမတတ် နာကျင်ငိုကြွေးခဲ့ရပါတယ်။

အဲဒီနောက် အခြားမိသားစုတစ်ခုမှ ၁၀ နှစ်အရွယ်သမီးလေးကို သူမနှင့် ကလေးငယ်၏ မိသားစုများရှေ့မှာတင် အသက်သေဆုံးခဲ့ရတဲ့အထိ အဓ္ဓမသားမယားပြုကျင့်ခဲ့တာကို တွေ့မြင်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ အလားတူပင် အဆိုပါကလေးငယ်၏ ညီအစ်မ ၆ ယောက်စလုံးကိုလည်း မုဒိန်းကျင့် သတ်ဖြတ်ခဲ့ကြသည်။


သူမဟာ မွတ်ဆလင်မဟုတ်တဲ့ ရာဇီဒီအနွယ်ဝင် လူမျိုးဖြစ်တာကြောင့် IS အဖွဲ့က မကောင်းဆိုးရွားကိုးကွယ်သူများအဖြစ် သတ်မှတ်ကာ ရာဇီဒီအနွယ်ဝင် ထောင်ပေါင်းများစွာကို မတရားပြုကျင့်သတ်ဖြတ်နေတာပဲဖြစ်ပါတယ်။ ယခုနှဏ်အစပိုင်းက ရာဇီဒီ မိန်းကလေးတစ်ဦးကို IS အဖွဲ့ဝင် ၄၀ က ဝါယာကြိုးများနှင့် ရိုက်နှက်ကာ အဓ္ဓမပြုကျင်ခဲ့ပြီး အဆိုပါ မိန်းကလေးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
 



Follow us on