1. Home
  2. International News

ရေဆိုး သန့်ရှင်းသွားပြီဖြစ်ကြောင်း မြို့တော်ဝန်ကိုယ်တိုင် ရေဆင်းကူးပြီး သက်သေပြ

International News ส.ค. 07, 2560 view 1,737

ယခင်က အမှိုက်သရိုက်များနှင့် ညစ်ညမ်းနေခဲ့သော မြစ်ရေအား ကြည်လင်သန့်ရှင်းပြီး အန္တရာယ်ကင်းအောင် စီစဉ်ဆောင်ရွက်ခဲ့ပြီးနောက် မြို့တော်ဝန်ကိုယ်တိုင်က ရဲဝံ့စွာဖြင့် မြစ်ထဲဆင်းကာ လူအများရှေ့တွင် ရေကူးရေစိမ်ပြီး သက်သေပြခဲ့သည်။


ယိုချမ်းမြို့ကို ဖြတ်သန်းစီးဆင်းသောမြစ်ကျဉ်းလေးတစ်ခုသည် ပြီးခဲ့သည့် ဇူလိုင်လထိ အမှိုက်သရိုက် အညစ်အကြေးများဖြင့် လူအများရေကူးရန် မသင့်တော်လောက်အောင် ညစ်ညမ်းနေခဲ့သည်။ ဒါကို ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသမားလည်း ဖြစ်သူ ဟန်နန်မြို့တော်ဝန် လီကျူံးဟွာက ပြန်လည်သန့်ရှင်းအောင် လုပ်ဆောင်ဖို့ ပရောဂျက်တစ်ခုကို ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုဖွယ် အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည်။


အဲဒီနောက်မှာတော့ မြစ်ရေသန့်ရှင်းသွားပြီဖြစ်ကြောင်း အခြားအစိုးရအရာရှိ ၆ ဦးနှင့်အတူ ၎င်းကိုယ်တိုင် သက်သေအဖြစ် မြစ်ထဲဆင်းကာ ရေကူးပြခဲ့သည်။ အဆိုပါလုပ်ရပ်အတွက် တရုပ်လူမှုကွန်ယက်တွင် တာဝန်သိ တာဝန်ယူတတ်သော မြို့တော်ဝန်တစ်ဦးအဖြစ် လူအများက ချီးကျူးပြောဆိုမှုများ ရှိခဲ့သည်။
 



Follow us on