ဆယ်ကျော်သက်အရွယ် သမီးအရင်းကို အကြိမ်ပေါင်း ၆၀၀ ကျော် အဓ္ဓမကျင့်မှု၊ ဓမ္မတာနှင့် ဆန့်ကျင်သော ပုံစံနှင့် လိင်ဆက်ဆံခဲ့မှုများနဲ့ မလေးရှားနိုင်ငံမှ ဖခင်ဖြစ်သူကို တရားစွဲဆိုထားကြောင်း သိရှိရသည်။ ယင်းအမှုကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အကာအကွယ်များ ပိုမိုလိုအပ်နေကြောင်း သတိပေးသလိုဖြစ်ခဲ့ရသည်။
ယခုအမှုဟာ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ထိထိရောက်ရောက် ကာကွယ်ပေးရန် လုပ်ဆောင်မှုများ မလေးရှားတွင် အားနည်းလျှက်ရှိကြောင်း မီးမောင်းထိုးပြသလို ဖြစ်ခဲ့သည်။
အသက် ၃၆ နှစ်အရွယ် ဖခင်ဖြစ်သူက ဆယ်ကျော်သက်အရွယ် သမီးအရင်းကို မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ အကြိမ်ပေါင်း ၆၂၆ ကြိမ် ကျူးလွန်ခဲ့သည့်အတွက် တရားစွဲဆိုခြင်းခံခဲ့ရသည်။ သမီးဖြစ်သူမှာ ယခုအခါ အသက်(၁၅)နှစ်ရှိပြီဖြစ်ပြီး အဆိုပါအဖြစ်အပျက်များက ၂၀၁၅ ခုနှစ်က လင်မယားကွားရှင်းပြီးချိန်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
လင်မယားကွာရှင်းပြီးနောက် ဖခင်ဖြစ်သူနှင့် နေထိုင်စဉ်ဖြစ်ပျက်ခဲ့သော အဖြစ်ဆိုးများကို သမီးဖြစ်သူက မိခင်ကို ပြောပြခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ လက်ရှိတွင် မိခင်ဖြစ်သူနှင့် နေထိုင်နေသော သူမ၏ ညီမနှစ်ဦးကို ဖခင်ဖြစ်သူက သူနှင့်အတူလာနေရန် ကြိုးပမ်းနေသည့်အတွက် သူမကဲ့သို့ အဖြစ်ဆိုး ကြုံတွေရမည်စိုးသဖြင့် ဖွင့်ပြောခဲ့ရာမှ မိခင်ဖြစ်သူက တိုင်ကြားခဲ့သဖြင့် ဖခင်ဖြစ်သူ တရားစွဲခံခဲ့ရသည်။
လက်ရှိတွင် အမှုရင်ဆိုင်နေရပြီး တားခံကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပထမဆုံး ရုံးထုတ်စစ်ဆေးခဲ့သည်။