1. Home
  2. International News

စင်တိုဆာကျွန်းအနီး ပင်လယ်ထဲသို့ ကားမောင်းချသူအား ဖမ်းဆီး(ရုပ်သံ)

International News ส.ค. 30, 2560 view 1,604

စင်ကာပူနိုင်ငံ စင်တာဆာကျွန်းအနီးရှိ Ocean Drive လမ်းပေါ်မှ ပင်လယ်ထဲသို့ တစ်မင်သက်သက် မောင်းချသွားခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးခဲ့စစ်ဆေးခဲ့ပြီးနောက် စိတ်ကျန်းမာရေးဆေးရုံတွင် ချုပ်ရက်ရမန်နှင့် ထိမ်းသိမ်းထားကြောင်း သိရှိရသည်။


သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပျက်ခဲ့သော အဆိုပါ ဖြစ်ရပ်တွင် ယာဉ်မောင်းဖြစ်သူကို စင်တိုဆာရိန်းဂျား နှစ်ဦးက ကယ်ဆယ်ခဲ့ပြီး နယ်မြေကျူးကျော်မှု၊ မဆင်မခြင်မောင်းနှမှု၊ ထိခိုက်နာကျင်စေမှုများဖြင့် အရေးယူခဲ့သည်။


မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ ယာဉ်မောင်းဖြစ်သူ ရေထဲသို့မောင်းချခဲ့သည်မှာ ရေသူမက သူ့ကို ရေထဲသို့မောင်းချရန် စေခိုင်းလို့ဟု ပါးစပ်မှ တတွတ်တွတ်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

 

 


 



Follow us on