1. Home
  2. International News

အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံရ

International News ก.ย. 04, 2560 view 1,716

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးကို စက်တင်ဘာလ ၃ ရက်နေ့က ဓာတ်ဆီပုလင်းများကို မီးရှို့ကာ ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရကြောင်း ဂျကာတာရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

နံနက် ၂ နာရီ ၃၅ မိနစ်အချိနခန့်တွင် မြန်မာသံရုံးတည်ရှိရာ အနောက်ဘက်လမ်းတွင် ကင်းလှည့်နေသော အင်ဒိုနီးရှားရဲတစ်ဦးက သံရုံး၏ ပထမထပ်၌ မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိခဲ့ပြီးနောက် သံရုံးအစေင့်ရဲများကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

မီးငြှိမ်းသတ်ခဲ့ပြီးချိန်တွင် ဓာတ်ဆီဗုံးအဖြစ် အသုံးပြုသော ဘီယာပုလင်းအကွဲနှင့် မီးစာအဖြစ်အသုံးပြုသော အဝတ်စတို့ကို တွေ့ရှိခဲ့ရပြီး တိုက်လိုက်ခဲ့သူက ကားနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ယခုလို တိုက်ခိုက်ခဲ့ရသည့်အကြောင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ‘အာဂို ယုဝိုနို’ က ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်အရေးကိစ္စအတွက် ပါဝင်လှုပ်ရှားသူများ တိုးပွားလာလျှက် ရှိကြောင်း သတင်းရရှိသည်။

သတင်းကိုးကား - AFP, Reuters
 



Follow us on