1. Home
  2. International News

ဟောင်ကောင်အသံလွှင့်ဌါနမှ ဘီဘီစီ၏ ၂၄ နာရီ အသံလွှင့်မှုကို လျော့ချဖြတ်တောက်

International News ก.ย. 04, 2560 view 1,726

ဟောင်ကောင်နိုင်ငံ၏ အသံလွှင့်ဌါန RTHK က ဘီဘီစီ၏ ၂၄ နာရီ အသံလွှင့် ရေဒီယိုအစီအစဉ်ကို စက်တင်ဘာ ၄ ရက် တနင်္လာနေ့က လျော့ချခဲ့ပြီး တရုပ်နိုင်ငံ၏ ပြည်နယ်ရေဒီယို အစီစဉ်တစ်ခုနှင့် အစားထိုးခဲ့ကြောင်း သိရှိရသည်။

ဗြိတိသျှကိုလိုနီ လက်အောက်ခံဖြစ်ခဲ့ဖူးသော ဟောင်ကောင်အပေါ် တရုပ်ပြည်မကြီး၏ လွှမ်းမိုးချုပ်ကိုင်မှုကို တိုးမြင့်ပြသလိုက်တဲ့ လက္ခဏာဖြစ်ကြောင်း ဝေဖန်သူများက အဆိုပါလုပ်ရပ်အပေါ် သုံးသပ်ပြောဆိုခဲ့ကြသည်။

ဟောင်ကောင်နှင့် ဘေဂျင်း၏ အုပ်ချုပ်ရေး ကွန်မြူနစ်ပါတီ ခေါင်းဆောင်တို့အကြား တင်းမာမှုက ယခုနှစ်ပိုင်းအတွင်း ပိုမိုကြီးထွားလာနေခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကို တရုပ်လက်အောက်သို့ ဗြိတိသျှက လွဲပြောင်းပေးပြီးနောက်ပိုင်း နိုင်ငံတစ်ခုသဖွယ်ဖြစ်ခဲ့သော်လည်း အုပ်ချုပ်မှု စနစ်နှစ်ခုကွဲပြားနေခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တရုပ်ပြည်မကြီးရဲ့ အုပ်ချုပ်မှုပုံစံကို တစ်ဖြည်းဖြည်း ပြောင်းလဲရန် ကြိုးပမ်းရာမှ နှစ်ဖက်တင်းမာမှုများ ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ်က ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ လမ်းများပေါ်တွင် ၇၉ ရက်ပိတ်ကီာုမိုကရေစီအပြည့်အဝရရှိရေး လှုပ်ရှားခဲ့ကြသည်။

BBC World Service ထုတ်လွှင့်ခွင့်ကို ပြန်ပေးရန် လူတစ်ထောင်ကျော် လက်မှတ်ထိုးထားသည့် အသနားခံစာကို RTHK ထံ အွန်လိုင်းဖြင့် ပေးပို့တောင်းဆိုခဲ့ကြသည်။
RTHK မှ ပြောရေးဆိုခွင့်ရှိသူ Amen Ng က နိုင်ငံရေးအကြောင်းကြောင့်မဟုတ်ပဲ ယဉ်ကျေးမှုဖလှယ်ခြင်း တိုးမြှင့်လိုတဲ့အတွက် လုပ်ဆောင်ခဲ့ကြောင်းပြောဆိုခဲ့သည်။ သူမက ဆက်လက်၍ ဘီဘီစီရဲ့ အစီအစဉ်တွေက ည ၁၁ နာရီကနေ နံနက် ၇ နာရီထိ ဆက်လက်ရှိနေဦးမှာပါ၊ ရံဖန်ရံခါ စနေ တနင်္ဂနွေတွေမှာပါ ထုတ်လွှင့်နိုင်မှာပါဟု ပြောကြားခဲ့သည်။

ဘီဘီစီ၏ ၂၄ နာရီ ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်ပြီး ည ၁၁ နာရီမှ နံနက် ၇ နာရီထိသာ ဆက်လက် ထုတ်လွှင့်ခွင့်ရတော့မှာဖြစ်ပါတယ်။

သတင်းရင်းမြစ် − The Straits Time


 



Follow us on