
ရုရှားနိုင်ငံ၏ဆီလီကွန်ဗေလီလို့တင် စားကြသည့် နည်းပညာမြို့ ပမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အိုင်တီနည်းပညာ ပြပွဲ၌ ပရိုမိုဘော့တ်လို့အမည်ပေးထားတဲ့ လူသားအသွင် အန်ဒရွိုက်စက်ရုပ်က သမ္မတပူတင်ကို ဦးစွာနှုတ်ခွန်းဆက်ကာ လက်ဆွဲနှုတ်ဆက်ခဲ့ကြောင်းသိရသည်။ ပြပွဲရှိပြခန်းများကို လှည့်လည်ကြည့်ရှု နေစဉ် ပြခန်းမှူးများက စက်ရုပ်အကြောင်း ရှင်းလင်းပြောကြားနေစဉ်အတွင်းမှာပင် မျက်လုံးပြူးပြူးနှင့် လူသားအရွယ်အစား မျှရှိသောအဆိုပါစက်ရုပ်က စတင်လည် ပတ်ခဲ့ပြီး ]မင်္ဂလာပါ ဗလာဒီမာဗလာဒီမီရို ဗစ်ရှ်ပူတင်၊ ကျွန်တော်က ပရိုမိုဘော့တ်လို့ ပြောကြားကာ လက်ချောင်းငယ်သုံး ချောင်းပါတဲ့လက်ကိုဆန့်တန်းပေးပြီး သမ္မတပူတင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ပုံမှန်ဖောက်သည်များ၏ အချက်အလက်များကိုသိမ်းဆည်းထားနိုင်ပြီး လမ်းညွှန်၊ ဘဏ်ဝန်ထမ်း၊ အရောင်းဝန် ထမ်းများအဖြစ် ရုရှားနိုင်ငံတဝန်း အသုံး ပြုရန် တီထွင်ထားသည့် အဆိုပါပရိုမို ဘော့တ်မှာ ယခုအခါ သမ္မတပူတင်ကိုပါ အံ့အားသင့်စေခဲ့ကြောင်း ရုရှားသတင်း များတွင် ဖော်ပြခဲ့ကြသည်။

ရုရှားနိုင်ငံ၏ ပရိုမိုဘော့တ် ရှေ့ပြေးပုံစံတစ်ခု စမ်းသပ် ခန်းမှထွက်ပြေးသွားခြင်း၊ စာအုပ်စင်ပြို လဲရာ တွင် စာအုပ်စင်ကိုတွန်းခံလိုက်ပြီး စာအုပ် စင်အောက်မှကလေးကိုကယ်တင် လိုက်ခြင်း၊ အပြုအမူများကို ၎င်းဘာသာလေ့လာခြင်းစသည့်ထူးခြားချက်များဖြင့် ပရိုမိုဘော့တ်ကို ကမ္ဘာတဝန်းမှ စိတ်ဝင် စား နေခဲ့ကြပြီး ယခုအခါ သမ္မတပူတင်ကို ရုတ်တရုတ်လက်ဆွဲနှုတ်ဆက်ခဲ့မှုက ရုရှား၏အန်ဒရွိုက်စက်ရုပ်ပရိုမိုဘော့ကို ပိုမိုစိတ်ဝင်စားစေခဲ့သည်။ 20- something Perm အဖွဲ့မှဒီဇိုင်းပညာ ရှင်များက လွန်ခဲ့သည့်သုံးနှစ်ကတည်းက ပရိုမိုဘော့တ်ကို ဖန်တီးခဲ့ကြခြင်းဖြစ် သည်။ အဆိုပါစက်ရုပ်ကို ဒေါ်လာ ၂၀၀၀၀ဖြင့်သတ်မှတ်ကာ ကမ္ဘာတဝန်းကို ရောင်းချလျက်ရှိကြောင်း ပရိုမိုဘော့တ် ဖန်တီးသူများက ပြောကြားခဲ့သည်။
Credit : pyimyanmarnews
comment