1. Home
  2. International News

မီးတောင်ပေါက်ကွဲနိုင်သော်လည်း ဘာလီသို့ နေ့စဉ် ခရီးသွားဧည့်သည် ခြောက်သောင်း လာရောက်လည်ပတ်နေ

International News ก.ย. 26, 2560 view 1,551

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အကြီးဆုံးမီးတောင်တစ်ခုဖြစ်သော Mount Agung အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း နေ့စဉ်ဘာလီကျွန်းသို့ ဧည့်သည် ၆၀,၀၀၀ ခန့် ပုံမှန် လာရောက်လည်ပတ်နေပြီး ခရီးသွားဧည့်သည် လျော့ကျမသွားကြောင်း ဒေသခံအာဏာပိုင်များထံမှ သိရှိရသည်။


သဘာဝဘေးအန္တရာယ်အချိန်မရွေး ကျရောက်လာနိုင်သည်ဟု ကြေညာထားသော်လည်း ဘာလီကျွန်းကို သြစတေးလျှမှ လေယာဉ်အစင်း ၅၀ အပါအဝင် တစ်ရက်လျှင် လေယာဉ် အစင်း ၄၀၀ ဝင်ထွက်သွားလာမြဲဖြစ်သည်။
မီးတောင်ပေါက်ကွဲနိုင်သည့် နေရာအနီးမှ ဒေသခံ ငါသောင်းကျော်ကို ရှောင်ရှားရန် သတိပေးထားသလို လေယာဉ်လိုင်းများကိုလည်း မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါက အခြားနေရာသို့ ပျံသန်းနိုင်ရန် လေယာဉ်ဆီအပိုင်ဆောင်လာရန် ညွှန်ကြားထားပြီးဖြစ်သည်။


ဘေးအန္တရာယ်ကင်းရှင်းရေး နိုးဆော်ချက်ကြောင့် အချို့ခရီးသည်များအတွက် နှောင့်နှေးမှု ရှိနိုင်သော်လည်း ဘာလီရဲ့ ခရီးသွားဝန်ဆောင်မှုကတော့ အချိန်နဲ့ တစ်ပြေးညီ လှုပ်ရှားသက်ဝင်နေဆဲဖြစ်ကြောင်း လေကြောင်းလိုင်းတစ်ခုက ပြောကြားသည်။


လေကြောင်းဆက်သွယ်ရေးအရာရှိချုပ် Arie Ahsannurrohim က ခရီးသွားလုပ်ငန်း ထိုးကျသွားတာမျိုးမရှိသလို အကယ်၍ မီးတောင်ပေါက်ခဲ့မယ်ဆိုရင်လည်း လေယာဉ်တွေကလည်း နေသားတကျရှိနေမယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို က မီးတောင်ပေါက်ကွဲနိုင်သည့်နေရာကို  အင်္ဂါနေ့မှာ လာရောက်စစ်ဆေးကြည့်ရှုဖို့ရှိနေပါတယ်။

 



Follow us on