1. Home
  2. International News

ရပ်တန့်နေတဲ့ နျူကလီးယားဓာတ်ပေါင်းဖို အသစ် ၂ လုံး တည်ဆောက်မှု ပြန်စဖို့ တောင်ကိုရီးယားနိုင်ငံ လိုလား

International News ต.ค. 20, 2560 view 1,611
ရပ်တန့်နေတဲ့ နျူကလီးယားဓာတ်ပေါင်းဖို အသစ် ၂ လုံး တည်ဆောက်မှု ပြန်စဖို့ တောင်ကိုရီးယားနိုင်ငံတွင်း ထင်မြင်ချက်စစ်တမ်းကို ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းနီးပါးက လိုလားနေတယ်လို့ စစ်တမ်းက ဖော်ပြခဲ့ပါတယ်။
 
ဒါကြောင့် လုပ်ငန်းစတင်ရေးအတွက် ထောက်ခံကြောင်း အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီက တောင်ကိုရီးယား အစိုးရကို တင်ပြခဲ့ပါတယ်။အဏုမြူဘေးကင်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြလို့ စွမ်းအင်မူဝါဒ လမ်းညွှန်ချက်အတွက် ပြည်သူတွေရဲ့ သဘောထားကို ထင်ဟပ်ဆုံးဖြတ်ခွင့် ပြုမယ်လို့ အစိုးရက ပြောအပြီး ဇွန်လနှောင်းပိုင်းမှာ ဓာတ်ပေါင်းဖိုစီမံကိန်း ၂ ခုကို ယာယီရပ်ဆိုင်းခဲ့တာပါ။
 
ဘေးကင်းရေးနဲ့ပတ်သက်တဲ့ ပြည်သူ့စိုးရိမ်မှုတွေကို ဖြေသိမ့်မယ်ဆိုတဲ့ သမ္မတ မွန်းဂျေးအင်းရဲ့ မဲဆွယ်ကတိတွေထဲမှာ ဒီဓာတ်ပေါင်းဖိုအရေးလည်း ပါပါတယ်။
 
ပြည်သူ့စစ်တမ်းကောက်ယူတဲ့ ကော်မတီက လူအယောက် ၂ သောင်းကျော်ကို တယ်လီဖုန်းနဲ့မေးမြန်းမှု အပါအဝင် စစ်တမ်း လေးကြိမ် ကောက်ခဲ့တာပါ။
 
ကျန်ခဲ့တဲ့ ၃ လအတွင်း ပြည်သူ အယောက် ၄၇၀ က ဒီအရေးနဲ့ပတ်သက်ပြီး စကားရည်လုခဲ့ရာမှာ ရလဒ်တွေဟာ အမှားဖြစ်နိုင်ချေ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
 
ရှင်းကိုရိ အမှတ် ၅ နဲ့ ရှင်း အမှတ် ၆ ဓာတ်ပေါင်းဖို ၂ လုံးဟာ ၁၄၀၀ မဂ္ဂါဝပ်ရှိတဲ့ လျှပ်စစ် ထုတ်ပေးနိုင်မှာပါ။ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်မှာ နိုင်ငံအရှေ့တောင်ပိုင်း အယ်ဆန်မြို့မှာ တည်ဆောက်ပြီးစီးဖို့ မူလက သတ်မှတ်ထားခဲ့ပါတယ်။
 
Credit..... burmese.dvb.no


Follow us on