1. Home
  2. International News

နတ်ရွာစံ ထိုင်းဘုရင် ရုပ်ကလပ်သင်္ဂြိုလ်အခမ်းအနား ပြည်သူများစွာ တက်ရောက်

International News ต.ค. 26, 2560 view 1,670

ထိုင်းပြည်သူများ၏ ချစ်ခင်လေးစားမှုအခံရဆုံး၊ ဘုရားနဲ့တစ်ဂိုဏ်းထဲထားကာ သတ်မှတ် ရှိခိုးခဲ့ကြသော ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒက် မနှစ်က ကံတော်ကုန် နတ်ရွာစံခဲ့ပြီး ရုပ်အလောင်းကို တစ်နှစ်ကြာ ပူဇော်ခံခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် မီးသင်္ဂြိုလ်တော့မည် ဖြစ်သည်။


၅ ရက်ကြာဈာပနအခမ်းအနားရဲ့  ပြုလုပ်ထားခဲ့ရာ ထိုင်းပြည်သူအများ ဘန်ကောက်မြို့တော်တွင် စူရုံးရောက်ရှိနေခဲ့ကြသည်။ အဆိုပါရက်များကို ရုံးပိတ်ရက်အဖြစ် ကြေညာထားပါတယ်။ ဘုရင်ကြီးရဲ့ ဈာပနအခမ်းနားကို နိုင်ငံပေါင်း​ ၄၀ ကျော်က တော်ဝင်မိသားစုများလည်း တက်ရောက်မှာ ဖြစ်ပါတယ်။


ဈာပန အခမ်းအနားလာ ပြည်သူများကို စတုဒိသာနဲ့ တည်ခင်းကျွေးမွေးခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ အရိုးပြာထည့်မည့်အိုးကို မြင်းရထားနဲ့ နန်းတော်ကနေ မီးသင်္ဂြိုလ်မယ့်နေရာဆီကို နံနက်ပိုင်းထဲက သယ်ဆောင်သွားကြပြီ ဖြစ်ပါတယ်။


အရိုးပြာကိုတော့ သောကြာနေ့မှာ နန်းတွင်းကို ပြန်လည်သယ်ဆောင်လာပြီး ဈာပနအခမ်းနားကို နောက်ထပ် နှစ်ရက်တိုင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ဘီဘီစီသတင်းမှ ကောက်နုတ်ဖော်ပြပါသည်။
 



Follow us on