1. Home
  2. International News

ရဲအရာရှိ၏ Facebook အတုဖန်တီးပြီး အသရေဖျက်သူ အမျိုးသမီးအား ဖမ်းဆီးရမိ

International News พ.ย. 08, 2560 view 1,905

လူမှုကွန်ယက် ဖေ့စ်ဘွခ်တွင် ဖြစ်လေ့ဖြစ်ထရှိသော အကောင့်အတုအယောင်များ ဖန်တီးကာ ပုတ်ခတ်ပြောဆိုရေးသားနေသူများအား လက်ရဖမ်းဆီးဖြေရှင်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမယ့် ထိုင်းနိုင်ငံက ရဲအရာရှိအမျိုးသမီးကတော့ သူ့ရဲ့အကောင့်အတု ဖန်တီးသုံးစွဲခဲ့သူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။


အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော Angkhana Danakam ဆိုသူ အမျိုးသမီးက၊ အမျိုးသမီးရဲအရာရှိ Thanthawan Kodduang နဲ့ Raktapa Wongyod တို့နှစ်ဦးရဲ့ ဖေ့စ်ဘွခ်အတုတွေကို ကာယကံရှင်တွေရဲ့ ဓါတ်ပုံများနဲ့ ဖန်တီးခဲ့ပြီး ဒေါသဖြင့် ဝေဖန်ပြောဆိုသည့် အကြောင်းအရာများ ရေးတင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရကာ Bang Khen ရဲဌါနက သမ္မာစာဖြင့်ဆင့်ခေါ်ကာ ကြာဿပတေးနေ့က စစ်ဆေးခဲ့ခြင်းဖြစ်သည်။
 


လွန်ခဲ့သော တစ်နှစ်ခန့် ၂၀၁၆ ခုနှစ်က ရဲအရာရှိ Raktapa က သူမရဲ့ ဖေ့စ်ဘွခ်အကောင့်အတု ပေါ်နေပြီး မဟုတ်မမှန်များရေးသားနေသည်ကို ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေဖြင့် Bang Khen ရဲဌါနတွင် သတင်းပို့အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုနောက် လိုက်လံစုံစမ်းရာ တစ်နှစ်ခန့်အကြာတွင် အဆိုပါအိမ်အကူလုပ်ကိုင်နေသော အမျိုးသမီးကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။


အိမ်အကူအမျိုးသမီး Angkhana သူမ၏ ဖေ့စ်ဘွခ်အကောင့် လေးခုစလုံးမှာ ခိုးယူခံခဲ့ရပြီး အဆိုပါ ဒေါသဖြင့်ပြောဆိုဝေဖန်သော စာသားများ၊ ကာယကံရှင်များ၏ ဓါတ်ပုံများကို သူမတင်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။
အမှုနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျှက်ရှိပြီး လာမည့်သောကြာနေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရိရသည်။

 



Follow us on