1. Home
  2. International News

မောင်းသူမဲ့ဘတ်စ်ကား ပထမဦးဆုံးပြေးဆွဲသည့်နေ့တွင် ယာဉ်တိုက်မှုဖြစ်

International News พ.ย. 09, 2560 view 1,785

ကမ္ဘာ့ပထမဦးဆုံး မောင်းသူမဲ့ လွန်ပျံဘတ်စ်ကား ပြေးဆွဲမှုကို အမေရိကန်နိုင်ငံ လာ့စ်ဗေးဂါတ်စ်မြို့မှာ နိုင်ဝင်ဘာလ ၈ ရက်နေ့က စတင်ပြေးဆွဲခဲ့ပြီး ပထမဦးဆုံးနေ့မှာပင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါမောင်းသူမဲ့ လွန်းပျံယာဉ်မှာ ပြင်သစ်ကုမ္ပဏီ Navya မှ ထုတ်လုပ်ခဲ့ပြီး ပြင်သစ်ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Keolis က ခရီးတို ၀.၆ မိုင်ကို အခမဲ့ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ စတင်ပြေးဆွဲပြီး တစ်နာရီအတွင်းမှာ ကုန်တင်ကားကြီးကို ဝင်တိုက်ခဲ့သည်။


အဆိုပါ ယာဉ်မတော်တဆမှုမှာ ကုန်ကားမောင်းသူ၏ အမှားဖြစ်ကြောင်း လားစ်ဗေးဂါတ်စ်နဲ့ Keolis တို့နဲ့ အတူတစ်ကွ အစီစဉ်ကို ပူးပေါင်းဆောင်ရွက်တဲ့ AAA က ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် လွန်းပျံဘတ်စ်ကားရဲ့ အရှေ့ဘန်ဘာ ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရှိရသည်။


ဖြစ်စဉ်နဲ့ ပက်သက်ပြီး လားစ်ဗေးဂါတ်စ် အစိုးရက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် မောင်သူမဲ့ဘစ်ကားစနစ်ကို စမ်းသပ်မောင်းနှင်နေစဉ် ကုန်တင်ယာဉ်နှင့် တိုက်မှုဖြစ်ပွားရာ၌ မောင်းသူမဲ့ယာဉ်မှာ မှန်မှန်ကန်ကန် အလုပ်လုပ်ခဲ့ကြောင်း ယာဉ်တိုက်မှု မဖြစ်ပွားစေရန် ယာဉ်နှစ်စီးလုံးက ရပ်တန့်ရမည့်အစား ကုန်တင်ကားမောင်းသူက မရပ်ပဲ ဆက်မောင်းခဲ့သည့်အတွက် ယာဉ်တိုက်မှုဖြစ်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် အစီစဉ်ကို တစ်နေ့တာအတွက် ရပ်ဆိုင်းလိုက်သော်လည်း မြို့လည်အတွင်း ၁၂ လ ကြာစမ်းသပ်မည့် အစီစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုန်တင်ကားမောင်းသူကိုလည်း ရုံးတော်သို့ ဆင့်ခေါ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
 



Follow us on