1. Home
  2. International News

ပျံသန်းနိုင်တဲ့ မြန်နှုန်းမြင့် အိုင်းရွန်းမန်းဝတ်စုံကို တီထွင်နိုင်ခဲ့ပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့သူ (ရုပ်သံ)

International News พ.ย. 10, 2560 view 1,826
ဗြိတိန်နိုင်ငံသား စွန့်ဦးတီထွင် အမျိုးသားတဦးဟာ တကယ့်သက်ရှိကမ္ဘာရဲ့ ပျံသန်းနိုင်တဲ့ မြန်နှုန်းမြင့် အိုင်းရွန်းမန်းဝတ်စုံကို တီထွင်နိုင်ခဲ့ပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။
 
တီထွင်သူ ရစ်ချတ်ဒ် ဘရောင်းနင်းဟာ ရီဒင်းမြို့ လာဂွန်းနာပန်းခြံထဲမှာ စွမ်းရည်ပြသခဲ့တာဖြစ်ပြီး သူ့ရဲ့ဝတ်စုံဟာ တနာရီကို ၃၂ ဒသမ ၀၂ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ခဲ့တာ ဖြစ်တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာ ၉ ရက်နေ့က ဖော်ပြပါတယ်။ဂင်းနက်စ်စံချိန်အဖွဲ့က ဒီဆုကို ဂျက်အင်ဂျင်ပါဝါဝတ်စုံကို ခန္ဓာကိုယ်နဲ့ ထိန်းချုပ်ပျံသန်းနိုင်ခဲ့တဲ့ မြန်နှုန်းအမြင့်ဆုံးဆုအဖြစ် ခေါင်းစဉ်သစ်တပ်ကာ ချီးမြှင့်ပေးခဲ့ကြတာပါ။
 
ဒဲဒလပ်စ် (Daedalus) လို့ အမည်ပေးထားတဲ့ ဘရောင်းနင်းရဲ့ဝတ်စုံမှာ ဂက်စ်တာဘိုင်အင်ဂျင်တွေ တပ်ဆင်ထားတဲ့ လက် ၂ ဖက်နဲ့ ဖန်တီးထားတာဖြစ်ပြီး ဒီဝတ်စုံနဲ့ တနာရီအတွင်း မိုင်ထောင်ချီ ခရီးဆန့်နိုင်မယ်လို့ ဆိုပါတယ်။
 
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒီ အံ့ဖွယ်ဆန်းပြားတဲ့ အိုင်းရွန်းမန်းဝတ်စုံကို ဝတ်ဆင်ပြီး လေပေါ်မှာ ပျံသန်းကာ အောက်ခြေကန်ရေပြင်ပေါ် ရှပ်တိုက်စွမ်းရည်ပြသခဲ့တာကို တွေ့ရမှာပါ။
 
လက်ရှိမှာတော့ ဘရောင်းနင်းရဲ့ ဒဲဒလပ်စ်ဝတ်စုံအတွက် ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်ဖို့ ပေါင်သောင်းချီ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပြီလို့ သတင်းက ဆိုပါတယ်။
Credit ...burmese.dvb.no


Follow us on