1. Home
  2. International News

ထိုင်းနိုင်ငံမြန်မာသံရုံးရှေ့တွင် ဗုံးအတုထည့်ထားသော အထုတ်တွေ့ရှိ

International News ธ.ค. 04, 2560 view 1,511

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးအနီးရှိ ဓါတ်တိုင်အောက်တွင် ဗုံးဟုထင်ယောင်ထင်မှားဖြစ်စေသော အနီရောင် ပလတ်စတစ်အိတ်တစ်လုံးကို တွေ့ရှိခဲ့သဖြင့် သံရုံးမှ သတင်းပေးချက်အရ ထိုင်းရဲအဖွဲ့ သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


အဆိုပါလမ်းမကြီးကို ခတ္တယာယီပိတ်ထားခဲ့ပြီး ရဲအဖွဲ့က စစ်ဆေးခဲ့ရာ ဒိုင်းနမိုက်ပုံစံ ထင်ယောင်ထင်မှာဖြစ်အောင် PVC ပလပ်စတစ်ပိုက်နှစ်ချောင်းကို အဝါရောင်တိပ်ပတ်ထားကာ ယင်းပိုက်နှစ်ချောင်းကို တိတ်အနက်ရောင်နှင့် ပူးတွဲထားသည်။ ထို့အပြင် အိတ်ထဲ၌ စားပွဲတင်နာရီအသေးတစ်လုံးနှင့် ဝါယာကြိုးတို့ကို တွေ့ရှိခဲ့သည်။


သံရုံး၏ သတင်းပေးပို့ချက်အရ လာရောက်စစ်ဆေးခဲ့ရာ ဗုံးဟု ထင်ယောင်ထင်မှားဖြစ်စေသော ဗုံးအတုသာ ဖြစ်ကြောင်း ရဲများက ပြောဆိုခဲ့ပြီး စီစီတီဗီမှတစ်ဆင့် ဘယ်သူလာထားသွားတယ်ဆိုတာကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူသွားမှာ ဖြစ်သလို အဆိုပါ ပစ္စည်းပေါ်ရှိ အထောက်အထားများရရှိရန် DNA စစ်းဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ယင်းကိစ္စတွင် ဦးဆောင်သူကို အမြန်ဆုံးရှာဖွေသွားမည်ဖြစ်ကာ နောက်လုပ်မည့်အစီစဉ်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

သတင်းရင်းမြစ်: nationtv
 



Follow us on