1. Home
  2. International News

လေယာဉ် ပျံတက်စဉ်အင်ဂျင်မီးလောင်မှုကြောင့် ခရီးသည်တွေ သေးထွက်ကျတဲ့ထိ ထိန့်လန့်ခဲ့

International News ธ.ค. 06, 2560 view 1,513

ဗြိတိသျှလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Thomas Cook လေကြောင်းမှ လေယာဉ်တစ်စီး ကျူးဘားမှ မန်ချက်စတာသို့ Holguin လေဆိပ်မှ ထွက်ခွာလာရာ လေယာဉ်ပြေးလမ်းပေါ်၌ ပျံတက်ရန်ကြိုးစားစဉ် လေယာဉ်အင်ဂျင်တစ်လုံး မီးလောင်မှုကြောင့် ခရီးသည်များ အကြီးအကျယ်ထိတ်လန့်ခဲ့သည်။

နိုဝင်ဘာ (၂၇)ရက်နေ့က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်တွင် လိုက်ပါသွားခဲ့သူ ခရီးသည်တစ်ဦးက “လေယာဉ်က ပျံတက်ဖို့ရှေ့ဘီး မြောက်နေပြီ အဲ့ဒီအချိန်မှာ ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရပြီး မီးပွားတွေကလည်း လွှင့်စင်လာတယ်၊ အဲ့ဒီအချိန်မှာ လေယာဉ်က မြေကြီးပေါ်ပြန် စောင့်ကျလာတယ်။ တော်သေးတာပေါ့ နောက်ဘီးက မြေကြီးပေါ်မှာ ရှိနေသေးလို့ နောက်ထပ် ငါးစက္ကန့်လောက်သာ နောက်ကျပြီးမှ အင်ဂျင်မီးလောင်တယ်ဆိုတယ် ကျွန်တော်တို့အားလုံး သေပြီပဲ” လို့ ကိုယ့်တွေ့ဖြစ်စဉ်ကို ပြန်ပြောပြခဲ့ပါတယ်။

နောက်တစ်ဦးကတော့ “လေယာဉ်ပေါ်က ခရီးသည် ၃၀၀ လောက်က အော်ဟစ်နေလိုက်ကြတာ ကမ္ဘာပျက်သလိုပဲ၊ ကျွန်တော်ကိုယ်တိုင်လဲ ကြောက်လွန်းလို့ သေးထွက်ကျမိတယ်” လို့ဆိုပါတယ်။
လေယာဉ်မြေပြင်ပေါ်မှာ ရပ်သွားခဲ့ပြီးနောက် လေယာဉ်အမှူထမ်းများက အထူးတန်းခရီးသည်များကို ဦးစားပေးပြီး အရင်ဆုံးဆင်းခိုင်းခဲ့တဲ့အတွက် ကျန်ခရီးသည်များက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။

Thomas Cook လေကြောင်းလိုင်း တာဝန်ရှိတစ်ဦးက ဖြစ်စဉ်နဲ့ပက်သက်ပြီး ခရီးစဉ်အမှတ် MT2653 လေယာဉ် စက်ချို့ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လေယာဉ်စီးခရီးသည်များအတွက် နေထိုင်စရာအားလုံးကို လေကြောင်းလိုင်းက တာဝန်ယူခဲ့ပြီး အခြားလေယာဉ်တစ်စင်းကိုလည်း နှစ်ရက်အကြာမှာ အစားထိုးစီစဉ်ပေးခဲ့ပြီး နစ်နာကြေးအဖြစ် ယူရို ၆၀၀ စီပေးအပ်ခဲ့ကြောင်း သိရှိရသည်။
 



Follow us on