1. Home
  2. International News

ဓါးပြနှစ်ဦးကို ပြန်လည်ခုခံခဲ့သည့် အမျိုးသမီးအုပ်ချုပ်ရေးမှူး

International News ธ.ค. 11, 2560 view 1,624

ဓါးပြနှစ်ဦးက အိမ်ထဲသို့ဝင်ရောက်ခဲ့ပြီး သေနတ်ဖြင့် ချိန်ကာ ကြိုးတုတ်ခံခဲ့ရသည့် အသက်(၄၃)နှစ်အရွယ် ရွာလူကြီး အုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးက သေနတ်ဖြင့်ပစ်ကာ ပြန်လည်ခုခံခဲ့မှုတစ်ခု ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်စောစောပိုင်းက ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံ တန်ဘွန်စီဖရန်ကျေးရွာရှိ အမျိုးသမီးရွာလူကြီး ပွန်နီပါခေါင်ရိုင်၏ နှစ်ထပ်အိမ်သို့ ဒီဇင်ဘာ ၁၀ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် ဓါးပြနှစ်ဦး ဝင်ရောက်ခဲ့ပြီး အိပ်ပျော်နေသော သူမကို သေနတ်ဖြင့်ချိန်ကာ ကြိုးတုတ်ကာ ပစ္စည်းများရှာဖွေခဲ့ကြသည်။ ထိုအချိန်က နေအိမ်တွင် သူမတစ်ဦးတည်းရှိနေချိန်ဖြစ်သည်။

သူမက ကြိုးကို ကြိုးစားဖြည်ခဲ့ပြီးနောက် အိပ်ယာခေါင်းအုံးအောက်တွင် အရေးပေါ်သုံးရန် ဖွက်ထားသော ပစ္စတိုသေနတ်ကို ထုတ်ပြီး ပစ်ခတ်ခဲ့ရာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ပြတင်းပေါက်မှ ခုန်ချကာ မော်တော်ဆိုင်ကယ်နှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဓါးပြနှစ်ဦးမှာ ဘတ်ငွေ ၅ ထောင်နှင့် ဘတ် ၁ သိန်းခန့်တန်ဖိုးရှိသည့် ရွှေဆွဲကြိုးများနှင့် ဖုန်း ကျန်ခဲ့သည်။ ရဲများက သက်သေခံပစ္စည်းများအဖြစ် သိမ်းယူခဲ့ပြီး အနီးနားရှိ ဆေးရုံများတွင် သေနတ်ဒဏ်ရာဖြင့် လာရောက်ကုသသူရှိမရှိ ဆက်လက်စုံစမ်းလျှက်ရှိသည်။

အမျိုးသမီးရွာလူကြီး ပွန်နီပါခေါင်ရိုင် မှာ ကာကွယ်ရေးသင်တန်းများ တက်ရောက်ခဲ့ဖူးသူ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်တုံပြန်နိုင်ကြောင်း သိရှိရသည်။
 



Follow us on