1. Home
  2. International News

ဘတ်ငွေသန်းပေါင်း ၁၀၀ ကျော် လိမ်သွားသည့် အွန်လိုင်းရွှေဆိုင်

International News ธ.ค. 15, 2560 view 1,467

ထိုင်းနိုင်ငံတွင် လူမှုကွန်ယက်ဖေ့စ်ဘွခ်အသုံးပြုကာ အွန်လိုင်းရွှေလေလံပွဲ လုပ်ပြီး လေလံဆွဲသူများကို အယုံသွင်းကာ ထိုင်းဘတ်ငွေ သန်းပေါင်း ၂၀၀ ကျော် လိမ်လည်သွားသူ လင်မယားနှစ်ဦးကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းရဲအဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလက အွန်လိုင်းပေါ်တွင် ရွှေလေလံဆွဲသည့် ပေ့ခ်ျတစ်ခုထောင်ကာ လူများကို ဖိတ်ခေါ်ပြီး ရွှေလေလံဆွဲစေခဲ့သည်။ လေလံအောင်သူများအနေနဲ့ သူတို့ဖော်ပြထားသော ဘဏ်အကောင့်သို့ ပိုက်ဆံလွှဲပေးခဲ့ရပြီး ရွှေထည်များ လက်ခံရရှိခြင်းမရှိဟု တိုင်ကြားခံခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် အခြားအုပ်စုတစ်စုအား လှည့်ဖြားကာ ရွှေလေလံအဖွဲ့ဝင် အဖြစ်ဝင်ရန် စည်းရုံးခဲ့ပြီး၊ အသင်းဝင်ကြေး တစ်ဦးလျှင် ဘတ် ၅၀၀ ကောက်ခံခဲ့သည်။ ရွှေများမှာယူချိန် အစပိုင်းတွင် ငွေလက်ခံရပြီးသည်နှင့် မှန်မှန်ကန်ကန်ပေးပို့ခဲ့ပြီး နောက်ပိုင်းတွင် ငွေယူပြီး ပေးပို့ခြင်းမရှိပဲ ရင်းနှီးမြုတ်နှံသူများ အရင်ငွေပြန်ထုတ်သွားသောကြောင့်ဟု ပြောဆိုခဲ့သည်။
ထိုနည်းဖြင့် လိမ်လည်ခဲ့ရာ နှစ်လအတွင်း လူပေါင်း ၂၀၀ ကျော်စီက ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော် ရရှိလိုက်ခြင်းဖြစ်သည်။


ရဲအဖွဲ့က သူတို့နှစ်ဦး၏ ဘဏ်အကောင့်များကို စာရင်းအင်းကျွမ်းကျင်သူများဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ဘဏ်အကောင့် ၃ ခုတွင် သန်းရာနဲချီပြီ အဝင်အထွက် ရှိနေကြောင်း ကနဦးစစ်ဆေးတွေ့ရှိခဲ့သဖြင့် လိမ်လည်ရန် အခြားနည်လမ်းဖြင့် လှုပ်ရှားမှုများရှိနေမည်မှာ သေချာကြောင်း ယုံကြည်ထားကြသည်။
တရားခံနှစ်ဦးဖြစ်သည့် အသက် (၃၇)နှစ်အရွယ် Phrutipong Na Nakorn နဲ့ ဇနီးဖြစ်သူ Wannarat. Pho Phun Tum (၂၉)နှစ်တို့အား ဖမ်းဆီးထားပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။




 



Follow us on