1. Home
  2. International News

လိင်တူဆက်ဆံမှုနှင့် အိမ်ထောင်ရေးဖောက်ပြန်မှု အင်ဒိုနီးရှားတွင် တရားဝင်ဖြစ်ကြောင်း ရုံးတော်ကဆုံးဖြတ်

International News ธ.ค. 15, 2560 view 1,541

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ တရားရုံးက ရှေးဆန်သောအုပ်စုတစ်ခုက တင်သွင်းတဲ့ အပျော်အပါးလိုက်စားမှုဟာ တရားမဝင်ကြောင်း သတ်မှတ်ပေးဖို့ အဆိုနဲ့ပက်သက်တဲ့ အသနားခံစာကို ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတချို့ကတော့ ပါလီမန်ထဲမှာ အသစ်ပြုပြင်လိုက်တဲ့ အခြားသော ပြဌါန်းချက်တွေကို ခိုင်ခိုင်မာမာ။

တရားသူကြီး ကိုးယောက်ထဲမှ ငါးယောက်ကတော့ ဒီကိစ္စကို လက်မခံဖို့ ဆုံးဖြတ်လိုက်ကြပြီး မှန်ကန်တဲ့ လှုပ် ရှားသူတွေဟာ ဒီလိုမျိုးလက်မတင်လေးအနိုင်ရမှုကြောင့် ပိုမိုအသနားခံမှုများရှိလာနိုင်ပြီး  နောက်ဆုံးမှာ  ကမ္ဘာ့ အကြီးဆုံး မူဆလင်နိုင်ငံရဲ့ လိင်တူချစ်သူအဖွဲ့အစည်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြပါတယ်။

အင်ဒိုနီးရှားလူမျိုးအများစုဟာ အစွန်းမရောက်တဲ့ တရားဝင်ဘာသာရေးအဖွဲ့အစည်းလက်အောက်မှာ နေထိုင်လိုကြ သော်လည်း မကြာသေးခင်နှစ်များက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအတွေးအခေါ် ပြောင်းလဲမှု တွေကြောင့် အခက်အခဲများကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

တရားသူကြီးချုပ်ဖြစ်တဲ့ အဲရစ် ဟီတာရော့ကတော့ ဒီအမှုနဲ့ ပက်သက်တဲ့ လက်ရှိ ဥပဒေတွေက သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံနဲ့ မဆန့်ကျင်ပေမဲ့ သီးသန့်ဥပဒေအသစ်ထုတ်ဖို့အတွက် သူတို့မှာ လုပ်ပိုင်ခွင့် မရှိကြောင်း ပြောခဲ့ပါ။ ဥပဒေသစ်ကို ပြင်ဆင်ဖို့ဆိုရင် တရားလိုဘက်မှ ဥပဒေရေးဆွဲသူတွေထံတင်ပြသင့်ပြီး အရေးကြီးအချက်များကိုပါ ထပ်ထည့်သင့်ကြောင်း ပြောခဲ့ပါတယ်။

တရားမျှတမှုကို လိုလားတဲ့သူတွေဟာ တရားရုံးတော်ရဲ့ ဆုံးဖြတ်မှုတွေကို ကျေနပ်ကြပြီး အခက်အခဲ အများကြီးနဲ့လဲ ရင်ဆိုင်ရဦးမယ်လို့ ထင်ကြေးပေးနေကြပါတယ်။

တရားမျှတမှုကို လိုလားတဲ့ လိင်တူချစ်သူ Dede Oetomo က ဒီဆုံးဖြတ်မှုကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားကြောင်း နောက်အခြားအဖွဲ့အစည်းတွေဖြစ်တဲ့ ပါလီမန်နဲ့ ပညာရေး၊ လူမှုရေးအဖွဲ့အစည်းတွေမှာ ထပ်မံကြိုး စားသွားမယ်လို့ ပြောခဲ့ပါတယ်။

AILA လို့ခေါ်တဲ့ မိသားစုချစ်ကြည်ရေးအဖွဲ့ကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတဲ့ ဖွင့်ဆိုချက်ကို  အိမ်ထောင်သည်များမှာသာမကပဲ လူပျို၊ အပျိုတွေကိုပါ သက်ရောက်စေလိုကြောင်း ပြောပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ အချို့ကတော့ သူတို့ပြဌါန်းခိုင်းတဲ့ဥပဒေဟာ လိင်တူချစ်သူများကို တမင်ရည်ရွယ်ထားတာ ဖြစ်ပြီး လက်ရှိမှာ လိင်တူချစ်သူတွေအတွက် သီးသန့် ဥပဒေပြဌာန်းထားတာမရှိသေးဘူးလို့ ဆိုပါတယ်။

 



Follow us on