1. Home
  2. International News

ရထားလမ်းချော်မှုကြောင့် လူ ၆ ဦးသေဆုံး ၁၀၀ ကျော်ဒဏ်ရာရ (ရုပ်သံ)

International News ธ.ค. 19, 2560 view 1,471

ဒီဇင်ဘာ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ်မှာ Amtrak ရထားဘီး ချော်မှုကြောင့် အနည်းဆုံး လူခြောက်ယောက်သေဆုံးပြီး ၁၀၀ ခန့် အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ထားရပါတယ်။ တာဝန်ရှိသူများကတော့ ရထားဟာ တစ်နာရီမိုင်သုံးဆယ်နဲ့ မောင်းရမဲ့နေရာမှာ ရှစ်ဆယ့်တစ်မိုင်နှုန်းဖြင့် မောင်းခဲ့ပြီး တံတားပေါ်မှ ဘီးချော်ကာ တံတားပေါ်မှ တွဲလောင်းကျနေခဲ့ကြောင်း ပြော ကြားခဲ့ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များကတော့ ရထားတွဲထဲမှာ ပိတ်မိနေတဲ့ ခရီးသည်များကို ကယ်ဆယ်ဖို့ ကြိုး စားခဲ့ကြပြီး တွဲလောင်းဖြစ်နေတဲ့ နှစ်တွဲကိုတော့ လုံခြုံမှုမရှိသေးသောကြောင့် ကယ်ဆယ်မှုများမပြုလုပ်ရသေး ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဘီးချော်ခဲ့တဲ့ ရထားအမှတ် ၅၀၁ ကို ကန်ဒေါ်လာ သန်းပေါင်းတစ်ရာ့ရှစ်ဆယ် ခန့်အကုန်အကျခံကာ ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက်မှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် ခရီးသည်တင်ဆောင်ပြီး ပြန်လည်ပြေးဆွဲရာမှ Seattle မြို့ ရဲ့ မိုင်လေးဆယ်အကွာမှာ ဘီးချော်ခဲ့တာပါ။

လွန်ခဲ့တဲ့ ရက်သတ္တနှစ်ပတ်ခန့်ကလည်း ၀ါရှင်တန်မြို့တော်ဝန်မှ မြန်နှုန်းမြင့်ရထားတွေနဲ့ ပက်သက်ပြီး ထိခိုက်မှုပြင်းထန်တဲ့ မတော်တဆမှုများဖြစ်မယ်လို့ သတိပေးခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ရထားဘီး ချော်ရတဲ့ အကြောင်းရင်းကို ဂဃနဏမသိရသေးသော်လည်း တစ်နာရီ ရှစ်ဆယ့်တစ်မိုင်နှုန်းဖြင့် သွားနေရာမှ တစ်စုံတစ်ခုကို တိုက်မိကြောင်း ဝေဖန်သံများထွက်ပေါ်ခဲ့ပါတယ်။



Follow us on