1. Home
  2. International News

အမေရိကန်နိုင်ငံ၊၀ါရှင်တန်ဒီစီအနီးဒူးပွန့် တွင်တနင်္လာနေ့ နံနက်အစောပိုင်း ၇း၄၀ နာရီက မြန်နှုန်းမြင့် ရထားတစ်စီး လမ်းချော်မှု့ ဖြစ်ပွားခဲ့

International News ธ.ค. 19, 2560 view 1,499
အမေရိကန်နိုင်ငံ၊၀ါရှင်တန်ဒီစီအနီးဒူးပွန့် တွင်တနင်္လာနေ့ နံနက်အစောပိုင်း ၇း၄၀ နာရီက မြန်နှုန်းမြင့် ရထားတစ်စီး လမ်းချော်မှု့ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆ ဦးသေဆုံးကာ ၇၇ ဦး ဒဏ်ရာရခဲ့သည်။ဆီယက်တယ်နှင့် ပို့ တ်လန်းကို ပြေးဆွဲသည့် မြန်နှုန်းမြင့် Amtrak အမျိုးအစားရထားဖြစ်ကာတနင်္လာနေ့ တွင် ပထမဆုံးထွက်သည့်ရထားလည်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်း အဝေးပြေးရထားလမ်း အင်တာစတိတ်-၅ လမ်းကြောင်းပေါ်ရှိ တံတားတစ်ခုကို ဖြတ်သန်းနေစဉ် လမ်းချော်မှု့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရထားမောင်းနှင်မှု့ မှတ်တမ်းများအရ လမ်းချော်မှု့  မဖြစ်ပွားမီ တစ်နာရီ ၈၁ မိုင်နှုန်းဖြင့် မောင်းနှင်နေခဲ့ပြီး လမ်းချော်ပြီးနောက် ရထားမှာ တံတားအောက်ရှိ ကားလမ်းပေါ်သို့ ထိုးကျသွားခဲ့ကာ ကားများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
 
 
သို့ သော် ကားလမ်းပေါ်မှ ကားများနှင့်လူများ ထိခိုက်သွားရုံမှ အပ သေဆုံးသူမရှိခဲ့ဘဲ ရထားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက်မှ ၆ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ စုစုပေါင်း ၇၇ ဦး အထိ ရှိခဲ့ခြင်းဖြစ်သည်။ ရထားပေါ်တွင် ခရီးသည်စုစုပေါင်း ၇၈ ဦးလိုက်ပါလာခဲ့ကာ ရထားဝန်ထမ်း ၅ ဦး ပါဝင်ခဲ့ပြီး အမေရိကန်အမျိုးသား သယ်ယူပို့ ဆောင်မှု့  လုံခြုံစိတ်ချရေးဘုတ်အဖွဲ့ (NTSB - National Transportation Safety Board )ကအခင်းဖြစ်ရာ DuPont သို့  လူ ၂၀ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ ကို ပို့ ဆောင်ကာ စတင် စစ်ဆေး အဖြေရှာနေပြီဖြစ်သည်။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန် သမ္မတ ဒေါ်လ်နယ်ထရန့် က အရှေ့ အလယ်ပိုင်းဒေသတွင် အမေရိကန်တို့ ၏ လမ်း၊ တံတား၊ ဥမင်များ၊ရထားလမ်းများအတွက် ကန်ဒေါ်လာ ၇ ထရီလျံ အသုံးပြုခြင်းထက် အမေရိကန်နိုင်ငံတွင်းမှ အခြေခံအဆောက်အဦးများအတွက်ပိုမိုအသုံးပြုသင့်ကြောင်း Twitter တွင် ဝေဖန် ပြစ်တင်ခဲ့သည်။
 
 
 
 
 
Credit ...  မြန်မာ့သတင်းစုံ - Myanmar News


Follow us on