1. Home
  2. International News

ဗြိတိန်အကြီးဆုံး လေယာဉ်တင်စစ်သင်္ဘော ရေယိုစိမ့်မှုဖြစ်ပွား

International News ธ.ค. 21, 2560 view 1,468

စတာလင်ပေါင် ၃.၁ သန်းတန် ဗြိတိန်နိုင်ငံရဲ့အကြီးဆုံး လေယာဉ်တင်စစ်သဘောင်္ HMS Queen Elizabeth ရေယိုစိမ့်မှုတွေ ဖြစ်ခဲ့တာကြောင့် ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ရမည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌါနက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သဘောင်္ဟာ တန်ချိန် ၆၅၀၀၀ ရှိပြီး ဗြိတိန်ဘုရင်မကြီးကိုယ်တိုင် တာဝန်ပေးရာတွင်သာ အသုံးပြုသော အဆင့်မြင့်လက်နက်များ တပ်ဆင်ထားသည့် သဘောင်္ဖြစ်သည်။ အဆိုပါသင်္ဘောသည် ပင်လယ်ပြင် စစ်လေ့ကျင့်ရေး တာဝန်များ ထမ်းဆောင် နေစဉ်တွင် ရေယို စိမ့်သည့် ပြဿနာ ဖြစ်နေကြောင်းသိရှိ ခဲ့ရခြင်းဖြစ်သည်။

သဘောင်္ကို Portsmouth သင်္ဘောကျင်းတွင် ပြင်ဆင်သွားမည်ဖြစ်ပြီး ယခုလက်ရှိ ထမ်းဆောင်နေသော တာဝန်ပိုင်းနှင့် နောင်ဆက်လက် ထမ်းဆောင်ရမည့် တာဝန်ပိုင်းများတွင် ပြဿနာများ နောက်ထပ် မရှိအောင် ပြင်ဆင်သွားမည်ဟုလည်း သိရသည်။

The Sun သတင်းစာ၏ အဆိုအရ သင်္ဘောသည် တစ်နာရီလျှင် ရေ ၂၀၀ လီတာခန့် စိမ့်ဝင်လျှက်ရှိသော ကြောင့် ပြန်လည်ပြင်ဆင်မှုတွင် ဒေါ်လာသန်းပေါင်း တော်တော်များများ ကုန်ကျမည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ သဘောင်္ကိုတည်ဆောက်မှုကို ၈ နှစ်ခန့် အချိန်ယူခဲ့ရကြောင်းလည်း သိရသည်။ သဘောင်္ကို ပြန်လည်ပြုပြင်သည့်ဌာနသို့ အပ်ခဲ့ပြီး တည်ဆောက်သူများက ပိုမိုကောင်းမွန်အောင် အချိန်ယူ၍ ပြင်ဆင် ရမည် ဖြစ်သည်။

သဘောင်္ကပ္ပတိန်ဖြစ်သူ Chris Parry က “ကျနော်တို့ ကားတွေ ပြဿနာတစ်ခုခုဖြစ်ရင် နောက်ထပ် ထပ်မဖြစ်ရအောင် ကားဝပ်ရှော့ကို ပြန်အပ်ပြီးစစ်ဆေးရပါတယ်။ အခုလည်း အလားတူအခြေအနေ မျိုးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။



Follow us on