1. Home
  2. International News

ဂျပန်နိုင်ငံတွင် အချိန်ပိုဆင်းလုပ်သားများအား Drone နဲ့ အိမ်ပြန်ပို့နိုင်ရန်ကြိုးပမ်း

International News ธ.ค. 21, 2560 view 1,505

ဂျပန်နိုင်ငံဟာ ကောင်းမွန်တဲ့ရှုထောင့်များစွာနဲ့  လူသိများကျော်ကြားသလို အလုပ် အရမ်းလုပ်ရတာကြောင့် တစ်ခါတစ်ရံမှာ အလုပ်သမားတွေ သေတဲ့ထိ ဖြစ်တယ်ဆိုတဲ့ နာမည်ဆိုးတဲ့ ကျော်ကြားတာတွေလဲရှိပါတယ်။ မှတ်တမ်းများအရ ဂျပန်ကုမ္ပဏီတွေရဲ့ အလုပ်သမား လေးပုံတစ်ပုံခန့်ဟာ တစ်လမှာ အချိန်ပို နာရီ(၈၀)ခန့် ဆင်းနေရတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်ပိပြီးသေတာဟာ ပုံမှန်ဖြစ်နေတဲ့တွက် karoshi  လို့ တိုက်ရိုက်စကားတောင် သတ်မှတ်ထားပါတယ်။

အဲဒါကြောင့် ဂျပန်လူမျိုးတွေဟာ ဒီကိစ္စကို ဖြေရှင်းဖို့ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာ drones တွေကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကုမ္ပဏီမှ တာဝန်ရှိသူတွေဟာ drones တွေကို အလုပ်တွေမှာ အချိန်ပိုဆင်းရပြီး နောက်ကျတဲ့အထိ ကျန်နေခဲ့တဲ့ အလုပ်သမားတွေကို အိမ်ပြန်ပို့ပေးနိုင်ဖို့ ပရိုဂရမ်ရေးဆွဲဖို့ ကြံစည်နေကြပါတယ်။

ဒီအိုင်ဒီယာဟာ ရိုးရှင်း သော်ငြားလည်း drones တွေရဲ့ဆူညံသံဟာ ညနက်တဲ့အချိန်တွေမှာ ပတ်ဝန်းကျင်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ BBC သတင်းတွေအရ တကယ့်ပြဿနာက အလုပ်သမားတွေခံစားနေရတဲ့ နည်းစနစ်မကျတဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အိမ်ရောက်တဲ့အခါမှာလည်း အလုပ်သမားတွေဟာ တစ်ညလုံး မအိပ်ပဲ အလုပ်မလုပ်ဘူးလို့ တပ်အပ်မပြောနိုင်ကြောင်းနဲ့ ယနေ့ခေတ်နည်းပညာတွေကြောင့် အိမ်မှာပါ အလုပ်လုပ်နေနိုင်ကြောင်း ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချိန်နဲ့ နားချိန်ကိုပိုင်းခြားထားတဲ့ ပုံမှန်ဇယားမရှိပါဘူး။ အဲ့တာကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အောက်ခြေကနေ ချည်းကပ်သင့်ပါတယ်။ Shizuoka တက္ကသိုလ်မှ ပရော်ဖက်ဆာ Seijiro Takeshita ကတော့ လက်တွေ့မှာ ဒီကိစ္စတွေအားလုံး ပြေလည်အောင် မကူညီနိုင်ကြောင်း၊ ဒီလိုပြုလုပ်နေခြင်းဟာ ကုမ္ပဏီတွေ ဒီကိစ္စအပေါ်ဖြေရှင်းနေတယ်လို့ မြင်စေချင်သောကြောင့်ဖြစ်ကြောင်းနဲ့ ဒီပြဿနာကို သတိပြုမိအောင်လုပ်ရတာ အရမ်းအရေးကြီးပေမယ့်  ဖြေရှင်းနေတဲ့ ပုံစံအားလုံးဟာ အဓိပ္ပါယ်မရှိဘူးလို့မြင်ကြောင်း BBC သတင်းဌာနကို ပြောခဲ့ပါတယ်။



Follow us on