1. Home
  2. International News

ဖီလစ်ပိုင်တွင် မုန်းတိုင်းကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး ဒါဇင်နဲ့ချီကာပျောက်ဆုံးနေ

International News ธ.ค. 26, 2560 view 1,562

ပြီးခဲ့တဲ့ ကြာသပတေးနေက ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီး လူတစ်ရာကျော် သေဆုံး ကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေခဲ့ပါတယ်။ အပူပိုင်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကိုဖြတ်ပြီး Mindanao ကျွန်းရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ အဓိ က ကျွန်းအစုအဝေးများကို တိုက်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀၆ ဦးသေဆုံးပြီး ဝေးလံတဲ့ကုန်းမြေဒေသ  တစ်ဝိုက်လုံးကို ရွံ့နွံများဖြင့် ဖုန်းလွှမ်းစေခဲ့ပါတယ်။

Tembai လို့အမည်ပေးထားတဲ့ ဒီအပူပိုင်းမုန်တိုင်းဟာ Mindanao ကျွန်းစုရဲ့ အရှေ့ဖက်တစ်ခြမ်းလုံးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ရိုက်ခတ်သွားခဲ့ပြီး နောက်တစ်နေ့မှာတော့ ပြင်းထန်တဲ့ မိုးများရွာသွန်းစေကာ တနင်္လာနေ့အထိ ရေကြီးမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေဟာ Cagayan de Oro မြစ်ကို ရေလျှံစေခဲ့တဲ့အတွက် အနီးနားပတ်ဝန်းကျင်မှာ ရှိတဲ့ လူပေါင်းနှစ်သောင်းခန့်ကို အရေးပေါ်ပြောင်းရွေ့ပေးခဲ့ရပါတယ်။ လမ်းတွေဟာရေတွေနဲ့ ပြည့်နေပြီး ကယ်ဆယ် တဲ့သူတွေကတော့ အိမ်ခေါင် မိုးတွေပေါ်မှာရှိတဲ့ နယ်ခံတွေကို လှေတွေနဲ့ သွားရောက်ကယ်ဆယ်ခဲ့ရပါတယ်။

အနည်းဆုံး ရွံ့ နွံဖုံးမှုကြောင့် ၃၉ ဦးခန့်သေခဲ့ရပြီး စစ်သားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ဆက်သွယ်ရေး အခက်အခဲဖြစ်နေတဲ့ အဝေးမှာရှိတဲ့ ရွာတွေမှာ သွားကယ်ဖို့ ပြုလုပ်နေတယ်လို့  သိရပါတယ်။ စနေနေ့အထိ သတင်းပို့ချက်များအရ အနည်း ဆုံး လူ ၆၄ ဦး ထက် မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ရွာ ၁၅ ရွာခန့် ရွံ့ဖုံးခဲ့ပြီး နီးစပ်ရာရွာတွေကို ဆက်သွယ်ထားတဲ့ တံတားလည်းကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

အပူပိုင်းမုန်တိုင်း Kai-Tak နောက်မှာ လိုက်ပါလာတဲ့ Tembai ကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာတော့ အနည်းဆုံး လူ အယောက် ၃၀ ခန့်သေပြီး နှစ်သိန်းလေးသောင်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဖိလစ်ပိုင် နိုင်ငံ ဟာ တစ်နှစ်ကို အနည်းဆုံး ပြင်းထန်တဲ့မုန်တိုင်း အကြိမ် ၂၀ ခန့်တိုက်ပြီး လူအများအပြားသေဆုံးရပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက ကမ္ဘာ့အားအကောင်းဆုံးမုန်တိုင်းထဲမှာ ပါတဲ့ Hayian ရဲ့တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင် နိုင်ငံအလယ်ပိုင်းနေရာ တော်တော်များများ ပျက်စီးဆုံးရှံးခဲ့ရပြီး လူပေါင်း ၆၃၀၀ ထက်မနည်းသေဆုံးခဲ့ကြရ ပါတယ်။



Follow us on