1. Home
  2. International News

အစ္စရေးစစ်သားကို ပါးရိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက် ဖမ်းဆီးခံရ (ရုပ်သံ)

International News ธ.ค. 27, 2560 view 1,468

အစ္စရေးစစ်သား နှစ်ဦးကို ပါလက်စတိုင်း ဆယ်ကျော်သက် မိန်းကလေးက ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့တဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါမိန်းကလေးကို အစ္စရေးစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

သူမရဲ့အိမ်ခြံဝင်းအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အစ္စရေးစစ်သား နှစ်ဦးဆီကို လာရောက်ခဲ့ပြီးနောက် ထွက်သွားရန်တွန်းထိုးပြောဆိုခဲ့သည်။ ဆယ်ကျော်သက်နှစ်ဦးတွင် တစ်ဦးက စစ်သားများကို ဖုန်းနဲ့အနီးကပ်ရိုက်ယူပြီး တစ်ဦးက ပြောဆိုမောင်းထုတ်ခဲ့ရာ စစ်သားများက တုံ့ပြန်ခြင်းမရှိတဲ့အတွက် ပါးရိုက်ခဲ့ပါတယ်။

အဆိုပါဗီဒီယိုကြောင့် အသက်(၁၇)နှစ်အရွယ် Ahed Tamimi ဆိုသူ မိန်းကလေးအား အစ္စရေးစစ်တပ်မှ လာရောက်ထိမ်းသိမ်းခဲ့ပြီး နောက်ပိုင်းတွင် သူမ၏ မိခင်ဖြစ်သူကိုပါ အစ္စရေးရဲကလာရောက် ထိမ်းသိမ်းခဲ့​သည်။

Tamimi ၏ မိသားစုမှာ သူတို့၏နေရပ် West Bank တွင် အစ္စရေးစစ်တပ်လာရောက် အခြေစိုက်မှုကို ဆန့်ကျင်သူများအဖြစ် ထင်ရှားသူများဖြစ်သည်။ ပါလက်စတိုင်းများက ဖမ်းဆီးမှုနဲ့ပက်သက်ပြီး လူမှုကွန်ယက်ပေါ်တွင် ပြောဆိုဝေဖန်ခြင်း၊ လူ့အခွင့်အရေးများဖြင့် ခုခံပြောဆိုလျှက်ရှိကြသည်။

“အစ္စရေးစစ်တပ်ဟာ အကြာင်နာတရားအပြည့်ဝဆုံး စစ်တပ်ဖြစ်ပြီး အဲဒီဂုဏ်ပုဒ်ကို ဘယ်နည်းနဲ့မှ အစွန်းထင်းခံမည်မဟုတ်ကြောင်း” အစ္စရေးကာကွယ်ရေးဝန်ကြီး Avigdor Lieberman က ပြောကြားခဲ့သည်။

အစ္စရေးပညာရေးဝန်ကြီးဖြစ်သူ Naftali Bennett က Tamimi ဟာ ထောင်(၇)နှစ်ကျခံဖွယ်ရာရှိကြောင်းပြောကြားခဲ့သည်။
 



Follow us on