1. Home
  2. International News

သိန်း ၃၀၀ ထီလက်မှတ်ပိုင်ရှင် နှစ်ဦးကို DNA စစ်ပြီး ဆုံးဖြတ်မည်

International News ธ.ค. 29, 2560 view 1,482

ထီပေါက်ပေမယ့် ထီလက်မှတ်ပျောက်တယ်ဆိုတဲ့ အဖြစ်မျိုးက တစ်ကယ်ရှိပါတယ်။ မြန်မာလူမျိုးတွေဆိုရင်တော့ ကောက်ရတဲ့သူရဲ့ ကံပေါ့လို့ဆိုပြီး ကြိတ်ကြေကွဲနေမှာသေချာပေမယ့် ထိုင်းနိုင်ငံက ကျောင်းဆရာကြီးတစ်ဦးကတော့ ပေါက်သွားတဲ့ ထီနံပါတ်ဟာ သူပျောက်သွားတဲ့ လက်မှတ်ဆိုပြီး သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ထွက်ခဲ့တဲ့ ထီလက်မှတ်အမှတ် “0726” ဟာ ဆုငွေဘတ် သန်း(၃၀) ပေါက်နေခဲ့ပါတယ်။ ထီလက်မှတ်ပိုင်ရှင်ဟာ ရဲဝန်ထမ်းဟောင်းတစ်ဦး ဖြစ်နေပေမယ့် အသက် (၅၀)အရွယ် ကျောင်းဆရာကြီး Preecha Kraikruan က သူပျောက်သွားတဲ့ ထီလက်မှတ် ၅ စောင်ထဲက တစ်စောင်ဖြစ်နေကြောင်း တိုင်ကြားခဲ့ပါတယ်။


အာဏာပိုင်များရဲ့ အဆိုအရ သူတို့နှစ်ဦးလုံးရဲ့  DNA ကို စစ်ဆေးပြီးမှ ထီလက်မှတ်ပိုင်ရှင်အစစ် ဘယ်သူဖြစ်မလဲဆိုတာ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ပေမယ့် ဆုငွေကို ကချနာဘူရီ အနောက်ပိုင်းခရိုင်မှ အသက် ၆၂ နှစ်အရွယ်  အငြိမ်းစားရဲဝန်ထမ်းဟောင်း တစ်ဦးက ထုတ်ယူသွားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

သူတို့နှစ်ဦးလုံးဟာ ပိုင်ရှင်အစစ်ဖြစ်တယ်လို့ အပြိုင်ပြောဆိုခဲ့ပြီးနောက် ရဲတွေက လက်မှတ်ဖြတ်ပိုင်းပေါ်က လက်ဗွေရာကို DNA စစ်ဆေးဖို့ လုပ်ဆောင်ခဲ့ပြီး အဖြေကိုတော့ စောင့်နေဆဲဖြစ်ကြောင်း သိရှိရသည်။ တရားရေးဌါနရဲ့ ပြောပြချက်အရ အဖြေကို နောက်လာတွင် သိရှိရလိမ့်မည်ဖြစ်သည်။
 



Follow us on