1. Home
  2. International News

လေဆိပ်မျက်နှာစာကို လေယာဉ်တစ်စင်း ဝင်တိုက်မိခဲ့

International News ธ.ค. 29, 2560 view 1,472

ဥပရောပတိုင်းပြည်တစ်ခုဖြစ်သော မယ်လ်တာနိုင်ငံ လူကာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကိုယ်ပိုင်ဇိမ်ခံလေယာဉ်တစ်စင်း လေပြင်းတိုက်ခတ်မှုကြောင့် လေဆိပ်၏မျက်နှာစာကို အရှိန်ဖြင့်ဝင်တိုက်ခဲ့မှုတစ်ခု ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။


အဆိုပါကိုယ်ပိုင်လေယာဉ်ငယ် Dassault Falcon 7X မှာ ဗြိတိသျှကွန်ဆာဗေးတစ်ပါတီမှ သူကောင်းမျိုးတစ်ဦးဖြစ်သူ Lord Michael Ashcroft ပိုင်ဆိုင်ပြီး လေဆိပ်တွင် ရပ်နားထားစဉ် လေပြင်းတိုက်ခတ်မှုကြောင့် လေယာဉ်ဘီးကို ခုထားသော ဂျမ်းတုံးများ ပြုတ်ထွက်သွားပြီးနောက် လေဆိပ်မျက်နှာစာကို အရှိန်ဖြင့် ဝင်ဆောင့်မိခဲ့ခြင်းဖြစ်သည်။

ဝင်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း စင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့ပြီး လေဆိပ်အတွင်း အလားတူအဖြစ်မျိုး မဖြစ်စေရန် လုံခြုံရေးတင်ကျပ်မှုများ ပြုလုပ်လျှက်ရှိပြီး ဖြစ်စဉ်ကို စုံစမ်းလျှက်ရှိသည်။
 



Follow us on