1. Home
  2. International News

နှစ်သစ်ကူးနေ့မှာ ရိုးရာမုန့်စားပြီး လူအများပြားဆေးရုံရောက်

International News ม.ค. 02, 2561 view 1,544

ဂျပန်တို့ရဲ့ နှစ်သစ်ကူးရိုးရာမုန့်တစ်ခုဖြစ်တဲ့ (မိုချီ)mochi လို့ခေါ်တဲ့ ဆန်နဲ့လုပ်ထားတဲ့ မုန့်ဟာ အရသာအလွန်ရှိပေမယ့် မစားတတ်ရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

နှစ်သစ်ကူးနေ့က အထိမ်းအမှတ်အနေနဲ့ ရိုးရာဆန်မုန့်ကိုစားပြီး လည်ချောင်းနင်ခဲ့တဲ့အတွက် လူနှစ်ဦးခန့် သေဆုံးပြီး အများအပြား အရေးပေါ်အခြေအနေအဖြစ် ဆေးရုံတင်ထားရပါတယ်။  မိုချီမုန့်တွေမှာ ပါဝင်တဲ့ပစ္စည်းတွေဟာ အန္တရာယ်ကင်းပေမယ့် စားရခက်တဲ့ သရေစာတစ်မျိုး ဖြစ်တာကြောင့် သက်ဆိုင်ရာကလည်း နှစ်စဉ်သတိပေးမှုတွေ ပြုလုပ်နေရကြောင်းသိရပါတယ်။

မိုချီမုန့်ကို နူးညံပြီး ၀ါးရလွယ်တဲ့ ဆန်နဲ့ပြုလုပ်ထားကာ လုံးဝန်းပြီး ချစ်စရာကောင်းတဲ့ ပုံသဏ္ဍန်ရှိတဲ့ သရေစာတစ်မျိုးဖြစ်ပါတယ်။ ပထမဦးဆုံး ဆန်ကို ပေါင်းပြီး၊ ထောင်းကာ လုံးထားပါတယ်၊ ပြီးတဲ့အခါမှာတော့ လုံးထားလို့ စေးကပ်နေတဲ့ ဆန်တွေကို ပြုတ်ပါတယ်။ 

ဒီမုန့်တွေကို စားသုံးတဲ့အခါမှာ ကြာကြာဝါးရပြီး စေးကပ်တဲ့အတွက် မျိုမချခင်မှာ သေသေချာချာ ကြေညက်အောင် ၀ါးရပါတယ်။ သေချာမ၀ါးနိုင်တဲ့ သူတွေ  ဥပမာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်တော့ စားရအလွန်ခက်ပါတယ်။ မကြေညက်ခဲ့ရင် လည်ချောင်းမှာ စေးကပ်စေပြီး အသက်ရှူကျပ်စေပါတယ်။ ဂျပန်သတင်း ဖော်ပြချက်တွေအရ ဆေးရုံတင်ထားရသူ ကိုးဆယ်ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်နဲ့ အထက်တွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။

၂၀၁၄ နဲ့ ၂၀၁၅ မှာတုန်းက ကိုးယောက်သေခဲ့ပြီး ၂၀၁၆ မှာတော့ နှစ်ယောက်သေခဲ့ပါတယ်။ နှစ်စဉ်ပဲ လူများစွာ အရေးပေါ် အခြေအနေအဖြစ် ဆေးရုံတင်ရကြောင်းသိရပါတယ်။



Follow us on