1. Home
  2. International News

မြောက်ကိုရီးယားနဲ့ နယူးကလီးယားစစ်ဖြစ်ဖို့ အနီးဆုံးအချိန်ကိုရောက်လာပြီဟု အမေရိကန် စစ်ဘက်အရာရှိဟောင်းပြောကြား

International News ม.ค. 02, 2561 view 1,422

အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအငြိမ်းစားယူထားတဲ့ ရေ တပ်ဗိုလ်မှူး Mike Mullen က အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုးရီးယားနိုင်ငံနဲ့  စစ်ဖြစ်ဖို့က ယခင်ကထက် ပိုနီး လာနေပြီလို့ ထုတ်ပြောခဲ့ပါတယ်။

သူကတော့ အမေရိကန်လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ဟာ လက်ရှိ မြောက်ကိုရီးယားနိုင်ငံ ပြုံယန်း(Pyongyong) မှ နယူကလီးယား ထုတ်လုပ်မှုကို ရှုံချခဲ့ပြီး မည်သည့် ငြိမ်းချမ်းရေးဖြေရှင်းချက်တွေကိုမှ မတွေ့ရတဲ့အတွက် အခုလိုပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ မြောက်ကိုးရီးယားနိုင်ငံကို တိုင်းပြည်လုံခြုံရေးနဲ့ ပက်သက်လို့ ဖိအားပေးလာခဲ့ရင် ရရာနည်းလမ်းနဲ့ ကာကွယ်သွားပြီး တစ်နိုင်ငံလုံး ပျက်စီးသွားတဲ့ အထိပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံမှ အာဏာပိုင်တွေကလည်း ပနားမားအလံတင်ထားတဲ့ မြောက်ကိုးရီးယား လောင်စာဆီသဘောင်္ကို နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုနဲ့ပက်သက်ပြီး ဖမ်းထားကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဒီလိုပိတ်ဆို့မှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တုန်းက အမေရိကန်ဟာ မြောက်ကိုးရီးယား နယူကလီးယားဒုံးကျည် အတွက် လောင်စာဆီ အထောက်အပံ့မှန်သမျှကို လိုက်လံပိတ်ဆို့ခဲ့ပါတယ်။

သမ္မတ ဂျော့ဒဘလျူဘုရှ် လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Mr Mullan က ကိုးရီးယားနိုင်ငံ ပင်နီဆူလာ ကျွန်းဆွယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အထိကရုန်းဟာ နောင်တစ်ချိန်မှာ ပြဿနာကြီးကြီးမားမားဖြစ်လာနိုင်စေမယ့် အရာတစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူကတော့ ဒီပြဿနာအပေါ် သမ္မတအနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။



Follow us on