1. Home
  2. International News

ဆောင်းရာသီအိုလံပစ်ကို မြောက်ကိုရီးယားနဲ့အပြိုင် ဒေါ်နယ်ထရန့် မိသားစုဝင်များ တက်ရောက်မည်

International News ม.ค. 08, 2561 view 1,443

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီလမှာ ကျင်းပမဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ တောင်ကိုးရီးယားနိုင်ငံနဲ့ စစ်ဘက်ရေးရာတင်းမာမှုများ မရှိတဲ့အတွက် အမေရိကန်ကလည်း ပါဝင်ဆင်နွှဲမယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရန့်က နောက်လမှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲမှာ သူ့ရဲ့မိသားစုဝင်တွေသာမကပဲ တောင်ကိုရီးယားနဲ့တန်းတူ ရာထူးမြင့် ကိုယ်စားလှယ်တွေကိုပါ ဒီအားကစားပွဲကို ပါဝင်ဆင်နွှဲစေမယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပြန်လည်ဖွင့် လှစ်ခဲ့တဲ့ တောင်နဲ့မြောက် ဆက်သွယ်ရေးလိုင်းတစ်ခုမှာ ဆက်ဆံရေးတင်းမာခဲ့တဲ့ ပင်နီဆူလာကျွန်းဆွယ် ကိစ္စကို ဆွေးနွေးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာအဖြစ် အမေရိကန်က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သူ့ရဲ့ နယူကလီးယား ခလုတ်ကိစ္စနဲ့ ပက်သက်ပြီး ခနဲ့ခဲ့တာဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်က သူဒီလိုပြောခဲ့တဲ့အတွက် တောင်နဲ့ မြောက် ဆက်ဆံရေးငြိမ်နေတာဖြစ်တယ်လို့လည်း ကြွေးကြော်ထားပါတယ်။ တောင်ကိုးရီးယားမှာရှိတဲ့ အမေရိကန်စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေကလည်း အမေရိကန်ကို ထိခိုက်လာနိုင်တဲ့ အနုမြူအရေးနဲ့ ပက်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးလိုကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး အပြန်အလှန်စကားနိုင်ထိုးနေတာကြောင့်  တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေစေခဲ့ပါတယ်။

တစ်ဖက်မှာလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယား ပြုံချမ်းမှာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ကို စေလွှတ်ဖို့ တောင်ကိုရီးယားကို ကမ်းလှမ်းထားပါတယ်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ တောင်ကိုရီးယားမှာ ဆုံတွေ့နိုင်တဲ့ဖြစ်စဉ်က အားလုံးကို စိတ်ဝင်စားစေမှာ အမှန်ပဲဖြစ်ပါတယ်။



Follow us on