1. Home
  2. International News

အိမ်ရှေ့မင်းသားက ဘဝတူမိန်းမလျာများအတွက် ခိုလှုံရာစခန်း နန်းတော်တွင်ဖွင့်လှစ်

International News ม.ค. 12, 2561 view 1,555

အိန္ဒိယနိုင်ငံရှိ သဘောထားပွင့်လင်းတဲ့ အိမ်ရှေ့မင်းသားတစ်ပါးက သူလိုဘဝတူ မိန်မလျာများ (လိင်တူချစ်သူများ) ခိုလှုံနိုင်စေရန် စခန်းတစ်ခုကို သူ၏ နန်းတော်ထဲတွင် ဖွင့်လှစ်ခဲ့သည်။


အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်တွင်ရှိသော ရာပီပလာပြည်နယ်၏ အိမ်ရှေ့စံမင်းသားဖြစ်သူ “မန်ဗင်ဒရာဆင်းဂိုဟီ” သည် ကိုယ်တိုင်လည်း မိန်းမလျာစိတ်ပေါက်နေသူဖြစ်သည်။
အိန္ဒိယတွင် လိင်တူခြင်းချစ်ကြိုက်မှုဟာ တရားမဝင်သည့်အတွက် မိသားစုအရင်းချာများ အတွင်မှာပင် ခွဲခြားဆက်ဆံခံနေရမှုများရှိနေပြီး၊ အဓ္ဓမအိမ်ထောင်ချပေးခြင်း၊ မိသားစုထဲမှ စွန့်ပစ်ခြင်းများ ရှိနေသည့်အတွက် ခိုးကိုးရာမဲ့နေသော လိင်တူချစ်သူများအတွက် ခိုလှုံရာစခန်းတစ်ခု ဖွင့်ပေးခဲ့ကြောင့် ပြောကြားခဲ့သည်။

ကျွန်တော့မှာ သားသမီးယူဖို့အစီစဉ်မရှိပါဘူး ဒါကြောင့် ဒီနေရာတွေကို ကောင်းမွန်တဲ့ရယ်ရွယ်ချက်နဲ့ အသုံးချဖို့ စိတ်ကူးမိတာပါ” ဟု အိမ်ရှေ့မင်းသားက ပြောကြားခဲ့သည်။


အဆိုပါခိုလှုံရာစခန်းတွင် နေထိုင်ရန်အခန်းများ၊ HIV နဲ့ပက်သက်တဲ့ ပညာပေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အသက်မွေးဝမ်းကျောင်းပညာသင်ကြားမှုတွေကိုပါ ထည့်သွင်းသွားမည်ဖြစ်သည်။
သူ့ရဲ့ နန်းတော်ဧရိယာကိုလည်း တိုးချဲ့ပြီး သဘာဝအတိုင်း သီးပင်စားပင်များ စိုက်ပျိုးမည့် လယ်ယာများကိုလည်း ဖြည်းဖြည်းချင်း အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 



Follow us on