1. Home
  2. International News

ပွဲတွင် ရှုံးနိမ့်ခဲ့သော ထိုင်းလက်ဝှေ့သမားကို ကလပ်အသင်းက နှိပ်စက်

International News ม.ค. 15, 2561 view 1,611

ထိုင်းနိုင်ငံ ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သူ ‘နာတာဝပ်သွန်နီယွမ်ဆပ်’ အား ငွေးကြေးရယူလာဘ်စားကာ အရှုံးပေးခဲ့သည်ဟု သူ၏ကလပ်အသင်းက စွပ်စွဲခဲ့ပြီးနောက် နှိပ်စက်မှုများပြုခံခဲ့ရကြောင်း တိုင်ကြားခဲ့သည်။

နာတာဝပ်၏ ဖေ့စ်ဘွခ်အကောင့်တွင် သူ၏မျက်နှာကို အကန်ခံရပြီး၊ ကြိမ်လုံးဖြင့် အချက် ၂၀ ခန့်ရိုက်ခံရကာ သုံးရက် ထိန်းသိမ်းခံခဲ့ရကြောင်း ရေးသားဖော်ပြခဲ့သည်။
နာတာဝပ်ဟာ နွန်သာဘူရီပြည်နယ်ရှိ စော်ဂျော်လက်ခ်မောင်နွန် လက်ဝှေ့အဖွဲ့က လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့က ဆာမွတ်စခုံတွင် ထိုးသတ်ခဲ့သည့် ဖယ်သာဝိတ်တန်းလက်ဝှေ့ပွဲတွင် သုံးချီနှင့် နောက်ကောက်ကျရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရှုံးနိမ့်ခဲ့ခြင်းအပေါ် လာဘ်စားထားသည်(ခေါက်ဆွဲစား) သည်ဟု အဖွဲ့က ထင်မြင်ယူဆပြီး ရက်စက်စွာပြုမူခဲ့ခြင်းဖြစ်သည်။ သူဟာ အဖွဲ့မှထွက်ပြေးခဲ့ပြီးနောက် မန်နေဂျာဖြစ်သူအား နှိပ်စက်မှုများအတွက် ရဲတိုင်ကြားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားပြီး အဖွဲ့မန်နေဂျာ မစ္စတာနရောင်း အနေနဲ့ လာမည့်ကြာဿပတေးနေ့တွေင် အမှုရင်ဆိုင်သွားမည်ဖြစ်သည်။
 



Follow us on