1. Home
  2. International News

မိန်းကလေး ၁၀၀ နီးပါးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့မှုဖြင့် ဆရာဝန်ဟောင်းတစ်ဦး တရားစွဲခံရ

International News ม.ค. 17, 2561 view 1,738

အမေရိကန်ကျွမ်းဘားအားကစားအဖွဲ့တွင် ဆရာဝန်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ အသက် ၅၄ နှစ်အရွယ် Larry Nassar ဆိုသူက အားကစားမယ် မိန်းကလေးငယ်ပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုဖြင့် တရားစွဲခံနေရသည်။

Kyle Stephens ဆိုသူ အမျိုးသမီးက သူမအသက် (၆)နှစ်အရွယ်တွင် ဆရာဝန်၏ ဗလက္ကာရလုပ်တာကို ခံခဲ့ရသည်။ ထိုအဖြစ်ပျက်ကို သူမ၏မိဘများအား ပြန်ပြောခဲ့ရာ ဖခင်ဖြစ်သူမှာ စိတ်ထိခိုက်လွန်းပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။


အဆိုပါအမှုကို မစ်ရှိဂန်ပြည်နယ် လန်ဆင်းမြို့ရှိ တရားရုံးတွင် ကြားနာစစ်ဆေးစဉ် လေးရက်အတွင်း အခြားအမျိုးသမီးပေါင်း ၁၀၀ နီးပါးက သူတို့လည်း အလားတူကျူးလွန်ခံခဲ့ရကြောင်းကို ကြေညာချက်များ ရေးသားထောက်ပံ့ခဲ့ကြသည်။

Donna Markham ဆိုသူအမျိုးသမီးကြီးက သူမ၏ သမီးဖြစ်သူ Chelsea Markham ကျွမ်းပါးခုံပေါ်မှ မတော်တဆပြုတ်ကျခဲ့ပြီး ခါးတွင် ဒဏ်ရာရခဲ့ရာ ဆရာဝန်က ကုသပေးစဉ်တွင် ဗလက္ကာရ ပြုခံရကြောင်း၊ ထိုအချိန်က သူမ၏အသက်မှာ ၁၀ နှစ်သာရှိသေးပြီး လိင်းပိုင်ဆိုင်ရာကျူးလွန်ခံရမှုကြောင့် စိတ်ဓါတ်ရာရကာ ရုန်းမထွက်နိုင်ပဲ မူးယစ်ဆေးစွဲသွားခဲ့ပြီး အသက် ၂၃ နှစ်အရွယ်တွင် အဆုံးစီရင်ခဲ့ကြောင်း မိခင်က ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

တရားစွဲဆိုခံနေရသူ ဆရာဝန်ဖြစ်သူ Larry Nassar မှာ ဇူလိုင်လတုန်းက ကလေးဖော်ချွတ်အပြာအမှုဖြင့် ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခံထားရသူဖြစ်ပြီး လက်ရှိရင်ဆိုင်နေရသော အမှုအတွက် သေဒဏ်ကျခံရနိုင်လောက်သည့် အချက်လက်များကို အစိုးရရှေ့နေများက ရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။


လေးကြိမ်တိုင်တိုင် အိုလံပစ် ရွှေတံဆိပ်ဆုရခဲ့ဖူးသူ ကျွမ်းဘားမယ် Simone Biles က သူလည်း ကျူးလွန်ခံခဲ့ရဖူးကြောင်း တနင်္လာနေ့က သူမရဲ့တွစ်တာအကောင့်မှနေ၍ ရေးသားဖော်ပြခဲ့သည်။
 



Follow us on