1. Home
  2. International News

အဝတ်လျှော်ဆပ်ပြာရည်ထုတ် အပြိုင်စားပြသည့်ဗီဒီယိုများ YouTube ဖျက်ပစ်

International News ม.ค. 18, 2561 view 1,629

အဝတ်လျှော်ဆပ်ပြာရည်ထုတ်ကို စားပြပြီး အခြားသူများကို စိန်ခေါ်သည့် “Tide Pod Challenge” ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီးနောက် နိုင်ငံတစ်ကာမှလူငယ်များ သူထက်ငါ အပြိုင်စားကာ ဗီဒီယိုများကို YouTube ပေါ်တွင် တင်ခဲ့ကြသည်။

အဆိုပါဗီဒီယိုကို အွန်လိုင်တွင် နောက်ပြောင်ကျယ်စယ်မှုများ ပြုလုပ်လေ့ရှိသည့် လူအချို့က စတင်လိုက်ပြီးနောက် ချက်ခြင်းဆိုသလိုပျံ့နှံ့သွားကာ လူငယ်များ အပြိုင်အဆိုင်လိုက်လုပ်ခဲ့ကြသဖြင့် အမေရိကန်အစိုးရက အန္တရာယ်အလွန်ရှိကြောင်း သတိပေးတားမြစ်ရတဲ့ အခြေနေထိ ရောက်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ YouTube က “Tide Pad Challenge” နဲ့ ပက်သက်တဲ့ ဗီဒီယိုတွေအားလုံးကို ဖျက်ချခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာ ချစ်စရာအရောင်အသွေးစုံလှသည့် အဝတ်လျှော်ဆပ်ပြာရည်ထုတ်များကို ဆယ်ကျော်သက်လူငယ်များ လွဲမှားစွာအသုံးချခဲ့သည့် အမှု ၃၉ မှုဖြစ်ပွားခဲ့သည်။


“Tide Pods” ဟုခေါ်သည့် အဝတ်လျှော်ဆပ်ပြာရည်ထုတ်မှာ နောက်ဆုံးပေါ်နည်းစနစ်ထုန်ပိုးမှုနဲ့ ပြုလုပ်ထားပြီး မသိရှိပါက ချိုချဉ်သကြားလုံးလေးများသဖွယ် ထင်မှတ်စေသည်။ အဆိုပါ ဆပ်ပြာရည်ထုတ် အသုံးပြုရသည့်ပုံစံမှာ အဝတ်လျှော်စက်အတွင်း ထည့်လျှော်သည့်အဝတ်အစားများနဲ့အတူ ထည့်ထားပေးရချင်းဖြစ်သည်။


မိမိအိမ်တွင် အဆိုပါ ဆက်ပြာရည်ထုတ်များ အသုံးပြုမည်ဆိုပါက ကလေးများနဲ့ ဝေးရာမှာထားရှိခြင်း (သို့) ကြိုတင်အသိပေးထားခြင်းများ ပြုလုပ်သင့်သည်။
 



Follow us on