
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာ တေးက အာဏာရှင်ဖြစ်လာမည့် အရေးမှ ၄င်းကိုယ်၎င်းကာကွယ် တားဆီးရန်အတွက် အကယ်၍ ၄င်း၏သမ္မတသက်တမ်းကို ထပ်မံ တိုးမြှင့်မည်ဆိုပါက ၄င်းအား ပစ် သတ်ရန် စစ်တပ်နှင့်ရဲတပ်ဖွဲ့အား ယမန်နေ့တွင် အမိန့်ပေးညွှန်ကြား ခဲ့ကြောင်း သိရသည်။ အဆိုပါကြေညာချက်ကို ၄င်း ၏ရန်သူများက သတိပေးချက် များထုတ်ပြန်နေပြီး ၄င်း၏သစ္စာခံ များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရန် ဆောင်ရွက်မှုများ ပြုလုပ်နေစဉ် အတွင်း၌ပင် ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

ဒူတာတေး ၏ ယင်းသို့ဆောင်ရွက်ခြင်းသည် ၂ဝ၂၂ ခုနှစ်အလွန်အထိ သမ္မတ အဖြစ် ဆက်လက်အာဏာစွဲကိုင် နိုင်ရေးအတွက် ဖက်ဒရယ်စနစ်ကို စတင်ကျင့်သုံးရန် နိုင်ငံ၏အခြေခံ ဥပဒေကို ပြောင်းလဲပြင်ဆင်ရေး အတွက် လွှတ်တော်အတွင်းရှိ ၄င်း ၏သစ္စာခံများကို အမိန့်ပေးစေခိုင်း ခဲ့သည်ဟူသော ကောလာဟလ သတင်းများကို ပယ်ဖျက်ရန်ဖြစ် သည်ဟုသိရသည်။
''ကျုပ်ရဲ့သမ္မတ သက်တမ်း မပြည့်မီမှာပဲ ကျုပ်ကိုထိန်းချုပ်ရ ခက်လာမယ်။ အာဏာကို ဆက် လက်ဆုပ်ကိုင်ထားမယ်။ ကျုပ်က အာဏာရှင်ဖြစ်ချင်လာမယ်ဆိုရင် ကျုပ်ကိုပစ်သတ်လိုက်။ နောက်နေ တာမဟုတ်ဘူးနော်''ဟုဒူတာတေး က ပြောကြားခဲ့ခြင်းဖြစ်သည်။
.jpg)
ဒူတာတေးသည် သာတူညီမျှမှု မရှိခြင်းများကို ကိုင်တွယ်ဖြေရှင်း ရန်၊ ပြည်နယ်များအားလုပ်ပိုင်ခွင့် အာဏာပေးအပ်ရန်နှင့် နိုင်ငံ၏ ကွဲပြားနေသည့် ဖွဲ့စည်းပုံများကို အသိအမှတ်ပြုရန်အတွက် ဖက်ဒ ရယ်စနစ်ကျင့်သုံးရေးကို ထောက်ခံ အားပေးသူဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ ၄င်းအား ထောက်ခံသူ အောက်လွှတ်တော် အမတ်များက လာမည့်မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည် သုံးသပ်ရန်လွှတ်တော်အစည်းအဝေး ခေါ်ယူရေးအတွက် ဆန္ဒပြုမဲခွဲဆုံး ဖြတ်ခဲ့ကြသည်ဟု သိရသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သည် လွှတ်တော်အမတ်များ အနေဖြင့် ၄င်းတို့၏ရာထူးကို ကြာ ရှည်စွာ ဆုပ်ကိုင်နိုင်ရေးအတွက်နှင့် ဒူတာတေး၏ သမ္မတသက်တမ်း ထပ်မံတိုးချဲ့ရေးအတွက် ရည်ရွယ် ခြင်းဖြစ်သည်ဟု ဝေဖန်သူများက စွပ်စွဲပြောကြားထားသည်။
Credit ... thithtoolwin
comment