1. Home
  2. International News

ဆင်စွယ်မှောင်ခိုတားဆီးသူ မြန်မာနိုင်ငံမှအပြန် ကင်ညာတွင် သတ်ခံရ

International News ก.พ. 06, 2561 view 1,498

တောရိုင်းတိရိစ္ဆာန်များဖြစ်သည့် ဆင်စွယ်နဲ့ ကြံ့ချိုများကို ဖြတ်တောက်ပြီး တရားမဝင်မှောင်ခိုကုန်သွယ်နေသည့် ဈေးကွက်အား တိတ်တဆိတ်ထောက်လှမ်းစုံစမ်းနေသည့် အက်စ်မွန်ဘရတ်ဒလေမာတင် အသက် (၇၅)နှစ် မြန်မာနိုင်ငံတွင်းမှ ပြန်ရောက်ပြီး မကြာမီမှာပင် ကင်ညာနိုင်ငံ၌ သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

ဘရတ်ဒလေမာတင်သည် ယခင်က အမေရိကန် အထူးသံတမန်ဟောင်း တစ်ဦးဖြစ်ပြီး တနင်္ဂနွေနေ့က ကင်ညာနိုင်ငံ လန်ဂါတာရှိ သူ၏နေအိမ်တွင် လည်ပင်ကို ဓါးထိုးခံထားရသော ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သူ၏ဇနီးဖြစ်သူက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဘရတ်ဒလေမာတင်က သူ၏အသက်ကိုပင် အရင်းနှီးပြုကာ အန္တရာယ်များလှသည့် ဆင်စွယ်မှောင်ခိုဈေးကွက်အတွင်းသို့ လျိုံဝှက်ဝင်ရောက်ကာ ဓါတ်ပုံရိုက်ကူးခြင်း တရားမဝင်အရောင်းအဝယ်ပြုလုပ်သည့် စာရွက်စာတမ်းများ ရယူခြင်းတို့ကို ဆယ်နှစ်ကျော်ကြာပြုလုပ်ပြီး တောရိုင်းတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။

တရုပ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံများရှိ မှောင်ခိုဈေးကွက်များအတွင်း နက်ရှိုင်းစွာဟန်ဆောင်ဝင်ရောက်ခဲ့ပြီး ရောင်းဈေး ဝယ်ဈေးတို့ကို သတင်းပေးပို့နိုင်ခဲ့သည်။ သူ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၁၉၉၀ နှစ်များအတွင်း ဆင်စွယ်ဝယ်ယူခြင်းကို တရုပ်နိုင်ငံအတွင်း တားမြစ်သည်ထိ အကျိုးသက်ရောက်ခဲ့သည်။

ဘရတ်ဒလေမာတင်သည် မြန်မာနိုင်ငံအတွင်းသို့ သုတေသနခရီးအဖြစ်သွားရောက်ခဲ့ပြီး ကင်ညာနိုင်ငံသို့ ပြန်ရောက်စဉ် ယင်းကဲ့သို့ သတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒေသခံရဲများ၏ လတ်တလောစစ်ဆေးချက်အရ ဓါးပြတိုက်ခံရပြီး သတ်ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ပြောဆိုထားပြီး အမှုကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


 



Follow us on