1. Home
  2. International News

စင်ကာပူလေဆိပ်တွင် ကိုရီးယားတိုက်လေယာဉ်တစ်စီး မီးလောင်တိမ်းမှောက်

International News ก.พ. 06, 2561 view 1,499

ဖေဖော်ဝါရီ (၆)ရက် ယနေ့ မွန်းခွဲပိုင်းက စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်တွင် ကိုရီးယား တိုက်လေယာဉ်တစ်စီး ပြေးလမ်းပေါ်မှ ပျံတက်ရန် ကြိုးစားစဉ် မီးလောင်တိမ်းမှောက်ခဲ့ရသည်။

စင်ကာပူလေကြောင်းထိန်းသိမ်းရေး အာဏာပိုင်၏ ပြောဆိုချက်အရ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် Airshow 2018 အတွက် အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းစဉ် ပြေးလမ်း အမှတ်(၁)ပေါ်၌ မွန်းလွဲ ၁ နာရီ ၂၄ မိနစ်အချိန်က လဲကျမီးလောင်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုကြောင့် လေယာဉ်မှူးအနည်းအကျဉ်း ဒဏ်ရာရခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် အခြားခရီးသည်တင်လေယာဉ်များ နာရီအတော်ကြာခရီးစဉ် နောက်ကျခဲ့ရကြောင်း သိရှိရသည်။


 



Follow us on