1. Home
  2. International News

ဝန်ထမ်းဟောင်းဖြစ်သူက အလုပ်ရှင်ကို ဓါးပြတိုက်

International News ก.พ. 07, 2561 view 1,426

အမေရိကန်နိုင်ငံ မန်ဆာထျူးဆက်ပြည်နယ်ရှိ ပီဇာစားသောက်ဆိုင်တစ်ဆိုင်ကို အဆိုပါဆိုင်တွင် မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက သေနတ်အတုဖြင့် ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

စောင့်ကြည့်ကင်မရာ ပုံရိပ်များအရ မျက်နှာဖုံးစိပ်ထားသော လူတစ်ဦးသည် သေနတ်ကိုင်ကာ ဆိုင်ထဲသို့ဝင်လာပြီး ငွေရှင်းကောင်တာပေါ်သို့ ခုန်တက်ကာ ဝန်ထမ်းတစ်ဦးကို သေနတ်ဖြင့်ချိန်ကာ ပိုက်ဆံထည့်ထားသော အံဆွဲကိုဖွင့်ပေးရန် ခြိမ်းခြောက်ခဲ့သည်။

ထိုစဉ်မထင်မှတ်ပဲ အဆိုပါဝန်ထမ်းက နပမ်းဝင်းလုံးပြီး ဓါးပြဖြစ်သူကို ကြမ်းပြင်ပေါ်တွင် ရဲများရောက်လာသည်ထိ ချုပ်ထားနိုင်ခဲ့သည်။ ရဲများရောက်လာပြီး မျက်နှာဖုံးကို ချွတ်ခဲ့ရာ ဓါးပြဖြစ်သူမှာ အဆိုပါပီဇာဆိုင်တွင် မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီတွင် သူဌေးမှ အလူပ်ထုတ်ပစ်ခဲ့သူတစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။

ဓါးပြတိုက်သူမှ သူ့အနေနဲ့ စနောက်ကျယ်စယ်ခြင်းသာဖြစ်ကြောင်း သေနတ်မှာလည်း အတုသာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ဓါးပြမှုနဲ့တရားစွဲဆို အမှုရင်ဆိုင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
 



Follow us on