1. Home
  2. International News

မင်္ဂလာဆောင်တင်တောင်းငွေအတွက် မိန်းမ၏ကျောက်ကပ်ကို ခိုးထုတ်ရောင်းစား

International News ก.พ. 12, 2561 view 1,835

မင်္ဂလာဆောင်သည့်အခါ သတို့သမီးက သတို့သားဘက်ကို တင်တောင်းရသည့် ရှေးရိုးစွဲ အစဉ်လာကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်ဒေသအတော်များများတွင် တွင်ကျယ်စွာ ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည်။

အဆိုပါထုံးစံအတိုင်း အိမ်ထောင်ကျပြီးသော လင်းမယားနှစ်ဦးသည် နှစ်အတော်ကြာသည့်တိုင် သတို့သမီးဘက်မှ တင်တောင်းငွေကို မရရှိသဖြင့် ယောက်ျားဖြစ်သူက မိန်းမ၏ ကျောက်ကပ်ကို တင်တောင်းငွေအဖြစ် ခိုးယူထုတ်ခဲ့ကြောင်း မိန်းမဖြစ်သူက စွပ်စွဲခဲ့သည်။

အသက် ၂၈ နှစ်အရွယ် Rita Sarkar ၏ ယောက်ျားက သူမအား မကြာခဏဆိုသလို တင်တောင်းငွေမပေးသေးသဖြင့် ပြဿနာရှာနေခဲ့သည်။ ယောက်ျားဖြစ်သူ Biswajit Sarkar က သူမအား သူ၏ပိုင်မှုတစ်ခုသဖွယ် နှိပ်စက်မှုများရှိခဲ့ကြောင်း၊ သူမအနေနဲ့ အသားကျနေပြီဖြစ်သော်လည်း ယခုကဲ့သို့ ကျောက်ကပ်ကို တင်တောင်းငွေအဖြစ် ခိုးပြီးထုတ်ယူလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က မခံမရပ်နိုင်အောင် ဗိုက်အောင့်ခဲ့သဖြင့် ယောက်ျားဖြစ်သူက ကိုလ်ကာတာရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ဆေးခန်းတွင် ယောက်ျားဖြစ်သူက ခွဲစိတ်ကုသလိုက်ပါက ပျောက်ကင်းသွားမည်ဖြစ်ကြောင်း ပြောဆိုကာ ခွဲစိတ်ခံခဲ့ရသည်။

ခွဲစိတ်မှုပြီးစီးသွားခဲ့ပြီး နောက်ပိုင်းတွင် သူမအနေနဲ့ တစ်ခုခုမှားယွင်းနေသလိုခံစားခဲ့ရသည် ဒါပေမယ့် မည်ကိုမျှ ဖွင့်မပြောခဲ့။ အိမ်ပြန်ရောက်ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ နောက်ကျောဘက် အောက်ပိုင်းတွင် စူးရှစွာနာကျင်သော ဝေဒနာကို ခံစားခဲ့ရပြီး ယောက်ျားဖြစ်သူအား ဆေးခန်းသို့ ပြန်ပြပေးရန် တောင်းပန်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသည်။ ဆေးခန်းပို့ပေးရမည့်အစား သူမအား မိဘဆွေမျိုးအပေါင်းအသင်းများနဲ့ ဝေးရာတွင် တစ်ဦးတည်းထားခဲ့သည်။

နောက်ထပ် သုံးလခန့်အကြာတွင် မိဘဖြစ်သူများ သိရှိသွားပြီး ဆေးရုံသို့ သွားပြခဲ့ရာမှ သူမ၏ ညာဘက်ကျောက်ကပ်တစ်ခြမ်း မရှိတော့ကြောင်း သိရှိခဲ့ရသည်။ သူမဖခင်၏ ပြောကြားချက်အရ ၂၀၀၅ ခုနှစ်က မင်္ဂလာဆောင်ပေးခဲ့ပြီး သတို့သားအား တင်ဆောင်းငွေအဖြစ် ရူပီး ၁၈၀,၀၀၀ အား ပေးခဲ့ပြီးသော်လည်း နောက်ထပ်လိုသေးကြောင်း အမြဲထပ်တောင်းကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှု ပြုလုပ်မှုတွင် ယောက်ျားဖြစ်သူက မိန်းမ၏ ကျောက်ကပ်တစ်ခြမ်းကို ရောင်းစားခဲ့သည်မှာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပြီး ဒါဟာ တရားဝင် စာရွက်စာတမ်းများနှင့် ရောင်းစားခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Rita Sarkar ကတော့ သူမကို ခွဲစိတ်မှုမပြုလုပ်မီက ဖျော်ရည်တစ်ခုတိုက်ခဲ့ကြောင်း သူမအနေနဲ့ စာရွက်စာတမ်းများကို လက်မှတ်ထိုးခဲ့လား၊ မထိုးခဲ့လားဆိုတာကို မမှတ်မိတော့ကြောင်း ပြောကြားခဲ့သည်။
 



Follow us on