1. Home
  2. International News

ဝန်ကြီးများနှင့် လက်အောက်ငယ်သားများကြား အိမ်ထောင်ရေးဖောက်ပြန်မှုကို သြစတြေးလျတားမြစ်

International News ก.พ. 16, 2561 view 1,582

သြစတြေးလျနိုင်ငံတွင် လက်ထောက်ဝန်ကြီးချုပ်တစ်ဦးနှင့် သူ၏လက်အောက်က ဝန်ထမ်းအမျိုးသမီးတို့ အိမ်ထောင်ရေးဇာတ်ရှုပ် ဗူးပေါ်သလိုပေါ်ခဲ့တာကြောင့် ဝန်ကြီးများနဲ့ လက်အောက်ငယ်သားဝန်ထမ်းများ အိမ်ထောင်ရေးဖောက်ပြန်မှုကို တားမြစ်သည့်မူဝါဒကို သတ်မှတ်ရန် အဆိုပြုခဲ့ကြသည်။

လက်ထောက်ဝန်ကြီးချုပ် ဘာနဘီဂျွိုက်စ် ဟာအိမ်ထောင်သက် ၂၄ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အိမ်ထောင်ရေးအဆင်မပြေမှုဖြစ်ခဲ့သည် တစ်ချိန်ထဲမှာပင် သူ၏လက်အောက် ဝန်ထမ်းတစ်ဦးနဲ့ ဇာတ်လမ်းရှုပ်ခဲ့ပြီး ယခုဆိုရင် သူတို့နှစ်ယောက်၏ ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်သည်။


ယင်းအဖြစ်ပျက်က ဝန်ကြီးဌါနများအတွင်း ဇာတ်လမ်းအရှုပ်များကို မီးမောင်ထိုးပြသလိုဖြစ်ခဲ့ကာ ဝန်ကြီးဌါနများအတွင်း အိမ်ထောင်ရေး ဇာတ်ရှုပ်များမဖြစ်စေရဟု တားမြစ်လိုက်ခြင်းဖြစ်သည်။

သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်(ဘယ်) လက်ထောက်ဝန်ကြီးချုပ် ဘာနဘီဂျွိုက်စ်


အိမ်ထောင်သည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ လက်အောက်ငယ်သား ဝန်ထမ်းများနဲ့ ကာမထိတွေ့မှုလုံးဝ မရှိစေရ” ဟု ဝန်ကြီးချုပ် တန်းဘူးလ် က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့သည်။

ဒီနေရာမှာ ကိုယ်ကျင့်သိက္ခာနဲ့ပက်သက်ပြီး လူတတ်ကြီးလုပ်ကာ ပြောနေတာမဟုတ်ပါဘူး။ ဒီကိစ္စဟာလက်ခံနိုင်သည်ဖြစ်စေ ဒါမှမဟုတ် အတိတ်ကကအကြောင်းတွေကို မျက်ကွယ်ပြုလိုက်တယ်လို့ပဲ သဘောထားပါတယ် ဒါပေမယ့် ဒီနေ့က ၂၀၁၈ ခုနှစ်ကစပြီး ဝန်းကြီးတွေနဲ့ သူတို့အတွက် အလုပ်လုပ်ပေးနေတဲ့ လက်အောက်ငယ်သားတွေ ကာမထိတွေ့ဇာတ်ရှုပ်တာမျိုးက လက်ခံလို့ရတဲ့ အကြောင်းတရား မဟုတ်တော့ပါဘူး” ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
 



Follow us on