1. Home
  2. International News

အမြွှာချင်းညီအစ်ကိုချင်း လူလဲပြီး ထောင်ထဲမှ ထွက်ပြေး

International News ก.พ. 16, 2561 view 1,510

ဓါးပြမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေနဲ့ ထောင်ဒဏ် ၁၆ နှစ်ကျခံနေရသော ထောင်သားတစ်ဦးဟာ အမြွှာညီအစ်ကို ဖြစ်သူက ထောင်ဝင်စာလာတွေ့ချိန် လူချင်းလဲခဲ့ပြီး ထွက်ပြေးခဲ့သည်။

ပီရူးနိုင်ငံက Alexander Delgado ဆိုသူဟာ ထောင်ဒဏ် ကျခံနေရစဉ် ပြီးခဲ့တဲ့ ဇန်နဝါရီလက သူ၏ အမြွှာညီအစ်ကိုဖြစ်သူ Giancarlo က ထောင်ဝင်စာ လာတွေ့ခဲ့သည်။ ထိုအချိန်တွင် ညီအစ်ကိုနှစ်ဦး လူချင်းလဲကာ Alexander က ထောင်မှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ထောင်ထဲတွင် လက်ဗွေစစ်သည့်အခါမှ ထောင်ခဲတွင် ကျန်ခဲ့သူဟာ Giancarlo ဖြစ်နေကြောင်း အာဏာပိုင်များ သိခဲ့ရသည်။

Alexander Delgado ကို ဖမ်းမိရန် ဆုငွေထုတ်ခဲ့ပြီး ၁၃ လ အကြာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် Callao မှာ ဖမ်းဆီးရမိခဲ့သည်။ ပြန်လည် ဖမ်းဆီးရမိပြီးနောက်မှာတော့ Alexander ကို လုံခြုံရေးပိုမိုတင်းကျပ်သော တောင်ပိုင်းကုန်းမြင့်က ထောင်ကို လွှဲပြောင်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။

Alexander ကိုရှာဖွေနေစဉ်ကာလအတွင်း အမြွှာညီအစ်ကိုဖြစ်တဲ့ Giancarlo ကို ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အခုတော့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
Alexander အနေနဲ့ မိခင်ဖြစ်သူအား တွေ့ချင်လွန်းအားကြီးလို့ အခုလို လုပ်ခဲ့တာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
 



Follow us on