1. Home
  2. International News

ဒုတိယကမ္ဘာစစ်တွင်းနစ်မြုတ်ခဲ့သော အမေရိကန်လေယာဉ်တင်သင်္ဘောအပျက်ဆီးများ ပြန်ရှာတွေ့

International News มี.ค. 07, 2561 view 1,781

ဒုတိယကမ္ဘာစစ်အတွင်းက တာဝန်ထမ်းဆောင်ရင်း နစ်မြုတ်သွားခဲ့သည့် အမေရိကန်ရေတပ်ပိုင် USS Lexington လေယာဉ်တင်သင်္ဘော၏ အစိတ်အပိုင်းအပျက်အဆီးအချို့ကို သြစတြေးလျကမ်းလွန် Coral ပင်လယ်ကြမ်းပြင်တွင် တွေ့ရှိခဲ့ကြောင်း ရှာဖွေရေးအဖွဲ့ခေါင်းဆောင် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးပေါင်းတည်ထောင်သူ Paul Allen က မတ်လ ၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

အပျက်အဆီးများကို သြစတြေးလျအရှေ့ဘက်ကမ်းခြေမှ ကီလိုမီတာ ၈၀၀ အကွာ ပင်လ်ာရေမျက်နှာပြင်မှ အိတာ ၃,၀၀၀ တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေရေးအဖွဲ့က အမေရိကန် ပထမဆုံးလေယာဉ်တင်သင်္ဘောပျက်၏ ပုံများကို ထုတ်ဖော်ပြသခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ၁၉၄၂ ခုနှစ် မေလ ၄ ရက်ကနေ ၈ ရက်နေ့ထိ USS Lexington နှင့် USS Yorktown လေယာဉ်တင်သင်္ဘော နှစ်စင်းတို့က ဂျပန်လေယာဉ်တင်သင်္ဘော ၃ စီးကို ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
တိုက်ပွဲအဆုံးမှာတော့ USS Lexington (Lady Lex) ထိခိုက်မှုများခဲ့ပြီး Coral Sea ထဲကို နစ်မြုတ်ခဲ့ပါတယ်။ သင်္ဘောနစ်မြုတ်မှုမှာ သင်္ဘောသား ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂,၈၀၀ ကျော်ကို အခြားအမေရိကန် သင်္ဘောများက လာရောက် ဆယ်ယူခဲ့ရပါတယ်။

USS Lexington နစ်မြုတ်ခဲ့ချိန်မှာ သင်္ဘောနဲ့အတူ လေယာဉ် ၃၅ စီးအတူနစ်မြုတ်ခဲ့ပါတယ်။ အဆိုပါလေယာဉ်များထဲမှ ၁၁ စီးကို တွေ့ရှိထားပြီးဖြစ်ကြောင်း ရှာဖွေရေးအဖွဲ့က ပြောဆိုခဲ့သည်။
 



Follow us on