1. Home
  2. International News

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဗြိတိသျှလေကြောင်းလိုင်း ဂုဏ်ပြု

International News มี.ค. 08, 2561 view 1,528

ယနေ့ မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ဖြစ်တာကြောင့် ဗြိတိသျှလေကြောင်းလိုင်းက အမျိုးသမီးလေယာဉ်အမှူထမ်းများသာ ကြီးကြပ်တဲ့ လေကြောင်းခရီးစဉ်တစ်ခု ပြေးဆွဲပြီး ဂုဏ်ပြုခဲ့ပါတယ်။

လေယာဉ်မှူး၊ လေယာဉ်မယ်၊ မြေပြင်ဝန်ထမ်းများအားလုံး အမျိုးသမီး ၆၁ ဦး ကြီးကြပ်၍ ခရီးသည် ၂၀၁ ယောက်ကို တင်ဆောင်ကာ BA1484 လေယာဉ်ဟာ လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ စကော့တလန်ရှိ ဂလပ်စဂိုမြို့ကို ပျံသန်းခဲ့ပါတယ်။

ခရီးသည်မှာထဲမှာ ရုပ်သံတင်ဆက်သူလဲဖြစ်၊ ၂၀၁၄ ခုနှစ်က လေယာဉ်မှူးအောင်လက်မှတ်လည်း ရရှိထားတဲ့ အသက် ၅၇ နှစ်အရွယ် Carol Vorderman လဲပါဝင်ပါတယ်။

ဒီနေ့ဟာ လေကြောင်းလိုင်းအတွက် နေထူးနေ့မြတ်တစ်ခုဖြစ်သလို သမိုင်းအရ ကမ္ဘာပထမဦးဆုံး အမျိုးသမီးလေယာဉ်မှူး Elise Raymonde Deroche ပေါ်ထွက်ခဲ့တဲ့ ၁၀၈ နှစ်မြောက်လည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါကြမယ့် ခရီးသည်များအားလုံး အမျိုးသမီးလေယာဉ်ဝန်ထမ်းများရဲ့ ပြုမှုလုပ်ဆောင်ချက်တွေကို လေယာဉ်စီးရင်း ဗီဒီယိုကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ယခုအစီစဉ်ဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကို ပြသလိုက်တာဖြစ်ပြီး လေယာဉ်မောင်တယ်ဆိုတာ အမျိုးသားတွေအတွက်သာ မဟုတ်ဘူးဆိုတာ ပြသလိုက်တာပါပဲလို့ ဗြိတိသျှလေကြောင်းလိုင်းရဲ့ မန်နေဂျာ Joanne Kershaw က ပြောဆိုခဲ့ပါတယ်။

လေယာဉ်ခရီးစဉ်မှာတော့ ဝန်ထမ်းများက ခရီးသည်တွေကို အထူးကိတ်မုန့်လေးတွေကို #ProudtoBAwomen ဆို့တဲ့ အမှတ်အသားလေးတွေနဲ့ ဝေငှပေးခဲ့ပါတယ်။
 



Follow us on