1. Home
  2. International News

ကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ခေါင်းဆောင် ကင်ဂျုံအန်တို့ မေလတွင်း လူချင်းတွေ့ဆုံမည်

International News มี.ค. 09, 2561 view 1,546

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး မေလတွင် တွေ့ဆုံရန်ပြင်ဆင်ထားပြီလို့ ပြောဆိုခဲ့ပါတယ်။
ဒါဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ပထမဦးဆုံး ထိပ်သီးတွေ့ဆုံမှုဖြစ်ပြီး နြူကလီးယား ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြာဿပတေးနေ့က ပြောကြားလိုက်သည်။

တနင်္လာနေ့က အိမ်ဖြူတော်မှတစ်ဆင့် ဒေါ်နယ်ထရမ့်နဲ့ ကင်တို့ တွေ့ဆုံတော့မည့်အကြောင်းကို တရားဝင်ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအရာရှိ ချောင်အွီယောင်းက ကင်ဂျုံအန်အနေနဲ့ နြူကလီးယားပပျောက်ရေးကို လက်ခံခဲ့တဲ့အပြင် နြူကလီးယားနဲ့ ဒုံးလက်နက်စမ်းသပ်မှုများကိုပါ ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ သူ့ရဲ့လက်ထက်မှာ အကြီးမားဆုံး နိုင်ငံခြားရ၌်ခြားပေါ်လစီ တစ်ခုအနေနဲ့ ကင်ဂျုံအန်နဲ့ ယှည်တွဲထိုင်ကာ ဆွေးနွေးမှုပြုလုပ်ရမှာကို စိတ်အားထက်သန်လျှက်ရှိပါတယ်။
ဒါပေမယ့် အမေရိကန် ထိပ်သီးအရာရှိများနဲ့ ကျွမ်းကျင်သူတွေကတော့ ယခုလိုတွေ့ဆုံတော့မယ်လို့ တရားဝင်ကြေညာချက်ထွက်မလာခင်မှာ ဒီကိစ္စကိုအထူးသတိထားရမှာဖြစ်ပြီး မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ နြူကလီးယားလက်နက်နဲ့ နည်းပညာ အမြင့်ဆုံးရောက်လာဖို့အတွက် အချိန်ဆွဲအချိုသပ်နေတာလဲ ဖြစ်နိုင်ကြောင်း ရိုက်တာသတင်းဌါနကို ပြောကြားခဲ့ပါတယ်။

(Reuters)
 



Follow us on